မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေရာနှစ်ရှည်ငှားရမ်းရန် SWISS CHALLENGE ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: SWISS CHALLENGE
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: June 9, 2020 - July 8, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလက်‌အောက်ရှိ မွေးမြူရေးခြံ၊ စက်ရုံ၊ မြေနေရာများဖြစ်သော ပျဥ်းမပင်ဗဟိုဖောက်စက် (အသစ် + အဟောင်း) ၃ ဒဿမ ၉၇၄ ဧက၊ ရွာသာကြီးမြေလွတ် ၄၅ ဒဿမ ၉၂ ဧက၊ ရွာသာကြီးမြေလွတ် ၄၅ ဒဿမ ၉၂ ဧက၊ တို့အား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါ၀င်စားသူ ပြည်တွင်းပြည်ပလုပ်ငန်းရှင်ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအဆိုပြုလွှာများအား ၂၆-၈-၂၀၁၉ နှင့် ၁၂-၉-၂၀၁၉ ရက်ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာများတွင် ကြော်ငြာထည့်သွင်းခေါ်ယူဆောင်ရွက်ခဲ့ပါသည်။

၂။ တင်ဒါအဆိုပြုလွှာ ခေါ်ယူခဲ့သည့် ခြံ/စက်ရုံ၊ မြေနေရာ (၃) ခုအနက် Fortune International Limited တခုတည်းကသာ ပျဥ်းမပင်ဗဟိုဖောက်စက် (အသစ်+အဟောင်း) ၃ ဒဿမ ၈၇၄ ဧကသို့ တင်ဒါအဆိုပြုလွှာတင်ပြခဲ့ပါသည်။

၃။ သို့ပါ၍ Fortune International Limited က တင်သွင်းထားသည့် ပျဥ်းမပင်ဗဟိုဖောက်စက် (အသစ်+အဟောင်း) ၃ ဒဿမ ၈၇၄ ဧကတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြချက်များအပေါ် တင်ဒါယှဥ်ပြိုင်ရန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ စိတ်ပါ၀င်စားသော ပြည်တွင်း/ပြည်ပလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် Swiss Challenge တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၄။ Swiss Challenge တင်ဒါအဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များအား တစုံလျှင် (၁၀၀၀၀/-) (ကျပ်တသောင်းတိတိ) ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအ‌‌ထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ် (၃၆) ၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။ တင်ဒါနှင့်ပတ်သတ်သည့်  အသေးစိတ်အချက်အလက်များအား စိုက်ပျိုးရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန website; www.moali.gov.mm  နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန website; www.lbvd.gov.mm တွင်လည်း ဖော်ပြထားမည်ဖြစ်ပါသည်။

၅။ တင်ဒါအဆိုပြုလွှာတင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ၈-၇-၂၀၂၀ ရက် ၁၄:၃၀ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၆။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်း - ၀၆၇-၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 

၉ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us