ဘိလပ်မြေစက်ရုံ (နေပြည်တော်) အား နှစ်ရှည်ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် စိတ်၀င်စားသူများအား ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: June 10, 2020 - July 3, 2020
တည်နေရာ: နေပြည်တော်
Description
- :

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်​​ဝေးမြို့နယ်၊ တောင်စဥ်အေးကျေးရွာမှ ၈/၆)မိုင်အကွာ အောင်စည်လာ‌ကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ (နေပြည်တော်) အား ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းခြင်း (Leasing) ဆောင်ရွက်သွားရန် အစီအစဥ်ရှိပါသည်။

ပထမအဆင့်အနေဖြင့် စိတ်၀င်စားသည့်လုပ်ငန်းရှင် ကုမ္ပဏီများသည် စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) အား ဥက ၊ တင်ဒါကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၊ ညနေ (၁၆:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် နောက်ဆုံးထားပေးပို့ရမည် ဖြစ်ပါသည်။ စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) ပုံစံနှင့် လမ်းညွှန်ချက်များအား ဘိလပ်မြေနှင့် အုတ်အရောင်းဌာနခွဲ (နေပြည်တော်)၊ မြို့တော်ခန်းမ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၃၂၃၁၂ တွင် ဆက်သွယ်ရယူနိုင်ပြီး လာရောက်ထုတ်ယူစဥ် မိမိတို့၏ကုမ္ပဏီဆိုင်ရာ အထောက်အထားမိတ္တူများ ပြလျက် အထက်ပါလိပ်စာတွင် ၁၀-၆-၂၀၂၀ ရက်နေ့မှ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

ကုမဏီဆိုင်ရာအေထာက်အထားများ

၁။ သက်တမ်းရှိပီးဖြစ်သည့် ကုမဏီမှတ်ပုံတင်လက်မှတ်

၂။ ကုမဏီအသင်းအဖွဲမှတ်တမ်း၊ စည်းမျဥ်း

၃။ နည်းပညာပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ (ရှိပါက)

(အေသးစိတ် သိရှိလိုပါက ဖုန်း-၀၆၇- ၃၄၃၂၃၁၂၊ ၀၉-၄၃၀၁၆၃၆၀)

တင်ဒါကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

၁၀ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us