ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး၊ အဆောက်အအုံ (အမွေအနှစ် အဆောက်အအုံ) ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: June 16, 2020 - July 1, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ‌ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါ၍ လုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး၊ အဆောက်အအုံ (အမွေအနှစ် အဆောက်အအုံ) ပြုပြင်မွမ်းမံခြင်းလုပ်ငန်း

၂။ တင်ဒါနှင့်စပ်လျဥ်းသည့် အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်   -           ၁၆-၆-၂၀၂၀ ရက်

(ခ) တင်ဒါလျှောက်လွှာ ပိတ်မည့်ရက်/အချိန်          -           ၁-၇-၂၀၂၀ ရက်၊ ညနေ ၄ ၃၀ နာရီ

(ဂ) တင်ဒါလျှောက်လွှာနှင့် ပုံစံရောင်းချမည့်နေရာ/တင်ဒါတင်သွင်းရမည့်နေရာ           -           ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး၊ အမှတ် (၁၀၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။

(ဃ) တင်ဒါပုံစံ (၁) စောင်၏တန်ဖိုး                       -           ၁၀၀၀၀/-

(င) တင်ဒါရွေးချယ်မည့်ရက်/အချိန်                       -           ၁၅-၇-၂၀၂၀ ရက်၊ နံနက် ၁၁ နာရီ

၃။ တင်ဒါစည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၂၄၆၂၀၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မှတ်ချက်။ ။ လုပ်ငန်းနှင့်စပ်လျဥ်း၍ လုပ်ငန်းရှင်များအနေဖြင့် အမွေအနှစ်အဆောက်အအုံများကို ပြုပြင်မွမ်းမံသည့် လုပ်ငန်းများကို ယခင်ကဆောင်ရွက်ဖူးသူဖြစ်ရမည်။

တင်ဒါစိစစ်ရေးအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး

 

၁၀ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us