၁၁ ကေဗွီ ဓာတ်အားလိုင်းများတွင် Auto Recloser  များ ၀ယ်ယူတပ်ဆင်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း၊ ဓာတ်အားပေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ |
တင်ဒါကာလ: June 12, 2020 - July 10, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဧရာ၀တီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာ၀တီတိုင်းဒေသကြီး အစိုးရငွေလုံးငွေရင်းဖြင့် အကောင်အထည်ဖော်‌ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းစေရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်းများတွင် Auto Recloser  များ ၀ယ်ယူတပ်ဆင်ခြင်း

(ခ) ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်        -           ၁၂-၆-၂၀၂၀ ရက်မှ ၂၆-၆-၂၀၂၀ ရက်၊ ညနေ ၄ နာရီထိ

တင်ဒါတင်သွင်းရမည့်ရက်                       -           ၂၉-၆-၂၀၂၀ ရက်မှ ၁၀-၇-၂၀၂၀ ရက်၊ ညနေ ၄ နာရီထိ

တင်ဒါပိတ်မည့်ရက်                                -           ၁၀-၇-၂၀၂၀ ရက်၊ ညနေ ၄ နာရီထိ

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၊ အင်ဂျင်နီယာဌာနနှင့် ဘဏ္ဍာရေးဌာနတို့တွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း၀ယ်ယူနိုင်ပါသည်။

မှတ်ချက်။          ။ တင်ဒါ၀ယ်ယူရာတွင် ကုမ္ပဏီလိုင်စင်မှတ်ပုံတင်မူရင်း (သို့) ကာလာ (မိတ္တူ) အား ပြသ၍ ၀ယ်ယူရန်

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဧရာ၀တီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး

ဖုန်း - ၀၄၂-၂၁၉၈၁၊ ၀၄၂-၂၁၉၈၄

 

၁၂ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us