မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Server Installation, Maintenance, Training & Database license များ ၀ယ်ယူရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: June 15, 2020 - July 13, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ပါပစ္စည်းသုံးများအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(က) Sever (6) Nos and Related Equipment (1) Lot

(ခ) Service, Installation, Incident Ticket, Health check and Training for Servers (1) Lot

(ဂ) Windows Server License and Database License (1) Lot

၂။ တင်ဒါစည်းကမ်းချက်များပါ၀င်သော အိတ်ဖွင့်တင်ဒါပုံစံကို ၁၅-၆-၂၀၂၀ ရက်မှ ၁၉-၆-၂၀၂၀ ရက်အထိ ရုံးဖွင့်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာဌာနစိတ် (စက်မှု) တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၁၃-၇-၂၀၂၀ ရက်၊ မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်)၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာဌာနစိတ် (စက်မှု) တွင် တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ)

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ တရာခိုင်နှုန်းအား တင်ဒါအာမခံကြေးအဖြစ် သုံးလသက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်တင်သွင်းရပါမည်။ (ငွေသား (သို့မဟုတ်) P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံး၀လက်ခံမည် မဟုတ်ပါ)။

၅။ အသေးစိတ်သိရှိလိုသော အချက်များရှိပါက ဖုန်း ၀၆၇-၃၄၁၈၂၉၃ (အင်ဂျင်နီယာဌာနစိတ်၊ စက်မှု) နှင့် ဖုန်း ၀၁-၅၅၅၅၃၀ (သတင်းအချက်အလက်နှင့် နည်းပညာဌာနစိတ်) သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

၁၃ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us