ဖမ်းဆီးရမိသော သစ်/ခွဲသားများ၊ စက်လှေ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရန် လေလံကြော်ငြာ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: June 22, 2020 - June 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ ကသာခရိုင်၊ သစ်တောဦးစီးဌာနသည် ကသာ၊ ကောလင်း၊ ဗန်းမောက်၊ အင်းတော်မြို့နယ်များရှိ အောက်ဖော်ပြပါ ဖမ်းဆီးရမိ စက်လှေ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ သစ်/ခွဲသားများကို “တိုင်းကျော်သယ်ယူခွင့်မပြုကြောင်း” ကန့်သတ်ချက်ဖြင့် လက်ရှိမျက်မြင်အခြေအနေအတိုင်း စျေးပြိုင်လေလံတင်ရောင်းချမည်ဖြစ်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သစ်တောဦးစီးဌာနမှ တရား၀င်လိုင်စင်ဖြင့် ခွင့်ပြုထားသော သစ်စက်သေး၊ စက်ကြီး၊ အချောထည်စက်၊ လျှာထိုးစက် လုပ်ငန်းရှင်များ ၊ သစ်အရောင်းဆိုင် လုပ်ငန်းရှင်များ၊ သစ်အခြေခံအိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများနှင့် နေအိမ်ဆောက်လုပ်ရန် သတ်မှတ်စည်းကမ်းချက်နှင့် ညီညွတ်ပါက စျေးပြိုင်လေလံဆွဲ၀ယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်တားဆီး၊ ထိန်းချပ်ေရးဆိုင်ရာ သတိပေးညွှန်ကြားချက်များအတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာပါသည်။

(က) လေလံအစီအစဥ်

နေ့ရက်      -           ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်

အချိန်         -           နံနက် ၉:၃၀ နာရီ

နေရာ         -           လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်သစ်တောဦးစီးဌာန၊ ကသာမြို့။

(ခ) လေလံတင်ရောင်းချမည့်ပစ္စည်းများ

စဥ်အမျိုးအစားကသာကောလင်းဗန်းမောက်အင်းတော်
ဆွဲမော်တော်/မော်တော်/စက်လှေ/စက်လှေခွံ/

အင်ဖလက်/ပဲ့ဒေါင်း/လှေခွံ/လှေတွဲ/ကျွန်းလှေ

၂၆ စီး
အင်ဂျင်၇၀ လုံး
ဒိုင်နမို၁ လုံး
လွှ၀ိုင်း၅၂ ၀ိုင်း
ရှပ်တန်း/ပူလီ/ထော်လီဘီး/ဒလိမ့်၂၆၃ ခု
ကျွန်းပွတ်လုံး၁၄၇၁ လုံး
ကျွန်းတံခါးချပ်၅၂၅ ချပ်
ကျွန်းပျားပုံး၂၀၀ ပုံး
အခြားသားကုတင်/ကောင်တာကြမ်း၂ လုံး
၁၀ကျွန်းသစ်၀.၄၄၀ တန်၅၃၉.၂၂၇ တန်
၁၁ကျွန်းခွဲသား၇.၃၉၃၃ တန်၇၃.၅၈၃၄ တန်
၁၂တမလန်းသစ်၁.၀၈၀ တန်၁၃.၄၅၈ တန်
၁၃ပိတောက်/တမလန်းဓားရွှေ/ခွဲသား၂.၀၀၁၄ တန်၁၂၈.၃၇၅ တန်
၁၄အုပ်စု (၁) သစ်၃၆.၉၂၆ တန်
၁၅အုပ်စု (၁) ခွဲသား၆.၃၀၂၂ တန်
၁၆အုပ်စု (၂) သစ်၂၅.၅၉၂ တန်
၁၇အုပ်စု (၂) ခွဲသား၂၅.၀၄၂၆ တန်၈.၈၅၉၆ တန်

၂။ လေလံဆွဲ၀ယ်ယူခွင့် လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ၁၀၀၀၀/- (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ကသာမြို့တွင် ၂၂-၆-၂၀၂၀ ရက်မှ ၂၉-၆-၂၀၂၀ ရက်အတွင်း ဝယ်ယူနိုင်ကြောင်း ကြေညာအပ်ပါသည်။

၃။ အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ကသာခရိုင်သစ်တောဦးစီးဌာန၊ ဖုန်း 075 25086, 075 25087,075 42009, 09-256324979, 09-792452616 သို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဥက္ကဌ

လေလံတင်ရောင်းချရေးကော်မတီ

၁၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us