ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန/တံတားဦးစီးဌာနတို့မှ ဆောင်ရွက်သည့် လမ်းလုပ်ငန်း/တံတားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

June 15, 2020
Views: 82
Tender ID: 7736
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: June 15, 2020 - June 29, 2020
အဖွဲ့အစည်း: | |    | |   
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်နှင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၉) တို့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါလျှောက်လွှာ တင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်           -           ၁၅-၆-၂၀၂၀ ရက် (တနင်္လာနေ့)

တင်ဒါလျှောက်လွှာ နောက်ဆုံးရောင်းချမည့်ရက်     -           ၂၉-၆-၂၀၂၀ ရက် (တနင်္လာနေ့)၊ ၁၆:၃၀ နာရီ

ပစ္စည်းတင်ဒါလျှောက်လွှာနောက်ဆုံးပြန်လည်တင်သွင်းရမည့်ရက် ( Deposit သွင်းခြင်း)-၂၉-၆-၂၀၂၀ ရက် (တနင်္လာနေ့)၊ ၁၆: ၃၀ နာရီ

ပစ္စည်းတင်ဒါဖွင့်လှစ်မည့်ရက်                               -           ၁-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊ ၉:၃၀ နာရီ

တင်ဒါဖွင့်လှစ်မည့်နေရာ                                      -           ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ                  -           ဒု- ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တံတားအထူးအဖွဲ့ (၉)၊ ပဲခူးမြို့

လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ပဲခူးခရိုင်၊ ပဲခူးမြို့

၂။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ၁၅-၆-၂၀၂၀ ရက်မှ ၂၉-၆-၂၀၂၀ ရက်ထိ ရုံးချိန်အတွင်း အောက်ဖော်ပြပါဌာနများတွင် လာရောက်စုံစမ်းနိုင်ပါသည်။

 

ညွှန်ကြားရေးမှူး (မြို့ပြ)၊ လမ်းဦးစီးဌာန ၊ ပဲခူးမြို့ - ဖုန်း - ၀၅၂-၂၂၂၄၅၇၊ ၂၂၂၀၂၂၀/ ၂၂၂၁၅၂၃

ဒု- ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တံတားအထူးအဖွဲ့ (၉)၊ ပဲခူးမြို့ - ဖုန်း - ၀၉-၄၂၂၅၆၅၃၇၅

လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ပဲခူးခရိုင် ဖုန်း - ၀၅၂-၂၂၁၄၉၄/၂၂၂၁၅၂၆

လုပ်ငန်းတင်ဒါနှင့် ပစ္စည်းတင်ဒါကော်မတီ

ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန

 

၁၅ ဇွန် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us