သစ်အခြေခံစက်မှုလုပ်ငန်းဌာနမှ သစ်မာသစ်ပါးလွှာ လေလံတင်ရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 7, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်မှုလုပ်ငန်းဌာနမှ သစ်မာသစ်ပါးလွှာ (၁၅၆၄.၂၅၂၃) ကုဗမီတာအား အမေရိကန်ဒေါ်လာ (US$) ဖြင့် အိတ်ဖွင့်လေလံကို Online စနစ်ဖြင့် အောက်ဖော်ပြပါအတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

 

(က) ရောင်းချမည့်နေ့ရက်နှင့်အချိန်          -           ၇-၇-၂၀၂၀ ရက် (အင်္ဂါနေ့)၊ မွန်းတည့် (၁၂:၀၀) နာရီ

(ခ) ရောင်းချမည့်နေရာ                           -           သစ်အခြေခံစက်မှုလုပ်ငန်းဌာန (ရုံးချုပ်)၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့။

 

၂။ အိတ်ဖွင့်လေလံနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များအား မြန်မာ့သစ်လုပ်ငန်း၏ website ဖြစ်သော www.mte.com.mm တွင် ၀င်ရောက်ကြည့်ရှု၍သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၁-၃၇၂၄၄၅၊ ၀၁-၃၇၇၂၉၆၊ ၀၁-၃၇၇၈၈၅ များတွင်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်လေလံကျင်းပရေးကော်မတီ

သစ်အခြေခံစက်မှုလုပ်ငန်းဌာန (ရုံးချုပ်)

 

၂၀ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us