နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အဆင့်မြင့်နွားပွဲစျေး (သာ၀တ္ထိ) တည်ဆောက်ခြင်းလုပ်ငန်းအတွက် စိတ်ပါ၀င်စားသည့် လုပ်ငန်းရှင်/ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်း (Expression of Interest) (ဒုတိယအကြိမ်ကြေညာခြင်း)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: June 24, 2020 - July 8, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ နေပြည်တော်၊ လယ်​​ဝေးမြို့နယ်၊ အဆင့်မြင့်နွားပွဲစျေး (သာ၀တ္ထိ) အား ပန်းတင်အုတ်စက်ရုံအနီးရှိ လျာထားမြေနေရာတွင် အဆင့်မြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်ရုံနှင့် စားသောက်ဆိုင်ခန်းများ၊ ၀န်ထမ်းအိမ်ရာများ၊ လမ်းလုပ်ငန်းများ၊ မီး၊ ရေစနစ်စသည့်လုပ်ငန်းများ (Infrastructure) ပါ၀င်သည့် စီမံကိန်းများအား (Build-Transfer-Operate – B.T.O) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်၍ နှစ်ရှည်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်၀င်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EOI) ခေါ်ယူဖိတ်ခေါ်အပ်ပါသည်။

၂။ စိတ်၀င်စားသည့်လုပ်ငန်းရှင်/ကုမ္ပဏီများအနေဖြင့် (Expression of Interest - EOI) လျှောက်လွှာပုံစံနှင့် လမ်းညွှန်ချက်များအား ၂၄-၆-၂၀၂၀ ရက်မှစ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနရုံးတွင် ရုံးချိန်အတွင်း မိမိတို့၏ကုမ္ပဏီဆိုင်ရာ အထောက်အထားမိတ္တူများပြလျက် လာရောက်ထုတ်ယူနိုင်ပြီး ၂၀၂၀ ပြည့်နှစ်၊  ဇူလိုင် ၈ ရက် ၊ ညနေ ၁၅:၃၀ နာရီ (မြန်မာစံတော်ချိန်) အရောက် အချိန်မီတင်သွင်းရပါမည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၄၃၂၄၉၃၊ ၀၆၇-၈၁၀၈၂၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

၂၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us