စစ်ကိုင်းတိုင်းဒေသကြီးတွင်လမ်း၊ တံတားဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: July 6, 2020 - July 21, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

လုပ်ငန်းတင်ဒါအမှတ်စဥ် (၆/၂၀၁၉-၂၀၂၀)

 

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ခရိုင်များမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဖြည့်စွက်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ဖုန်း - ၀၇၁-၂၃၇၆၄ သို့ ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

 

၃။ တင်ဒါလျှောက်လွှာပုံစံများကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူတင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်            -           ၆-၇-၂၀၂၀

(ခ) တင်ဒါလျှောက်လွှာရောင်းချမည့်နောက်ဆုံးရက်       -           ၂၀-၇-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

(ဂ) တင်ဒါအာမံခံကြေး (PO) တင်သွင်းရမည့်ရက်         -           ၂၂-၇-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

(ဃ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက်/နေရာ       -           ထပ်မံကြေညာပါမည်။

(င) တင်ဒါဖွင့်လှစ်မည့်ရက်                               -           ထပ်မံကြေညာပါမည်။

 

တင်ဒါကော်မတီ

 

၂၇ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us