ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ငန်းများအတွက်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း |
တင်ဒါကာလ: June 29, 2020 - July 28, 2020
တည်နေရာ: နေပြည်တော်
Description
- :

ဘဏ်လုပ်ငန်းဆိုင်ရာ

EOI(Expression of Interest)ခေါ်ယူခြင်းနှင့်

တင်ဒါခေါ်ယူခြင်း

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဌာနခွဲတွင် မူပိုင်ခွင့်ဆိုင်ရာမှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်း၊ အခကြေးငွေပေးသွင်း/လက်ခံခြင်း စသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆိုင်ရာ Online Payment စနစ်ဖြင့်ငွေပေးသွင်းခြင်း၊ Transaction Report ပေးပို့ခြင်း၊ မူပိုင်ခွင့်ဌာန၏ MEB Account သို့ပေးသွင်းခြင်း၊ Portal တွင်စာရင်းစစ်နိုင်ရန် ဆောင်ရွက်ခြင်းစသည့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဘဏ်လုပ်ငန်းဆိုင်ရာ EOI (Expression of Interest) စိတ်ဝင်စားမှုလျှောက်လွှာနှင့် တင်ဒါခေါ်ယူခြင်း (၅) နှစ် သက်တမ်းအားအောက်ပါအတိုင်း ခေါ်ယူသွားမည်ဖြစ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက်   -  ၂၉-၆-၂၀၂၀ ရက်မှ ၂၈-၇-၂၀၂၀ ရက်ထိ

(ခ) တင်ဒါတင်သွင်းရမည့်ရက်နှင့်တင်ဒါစည်းကမ်းချက်များရှင်းလင်းခြင်း - ၂၉-၇-၂၀၂၀ရက်၊ ၁၃း၀၀ နာရီ၊ ရုံးအမှတ်(၅၂)

(ဂ) လျှောက်လွှာများကြိုတင်စိစစ်ခြင်းနှင့်ဘဏ်များကရှင်းလင်းတင်ပြခြင်း - ၂၉-၇-၂၀၂၀ ရက်မှ  ၅-၈-၂၀၂၀ ရက်ထိ ရုံးအမှတ် (၅၂) ၊ ရုံးချိန်အတွင်း

(ဃ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/နေရာ - ၆-၈-၂၀၂၀ ရက်၊ ၁၃း၀၀ နာရီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်

(င) ပေးသွင်းနိုင်သည့်ဘဏ်  - မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်

(စ) တင်ပြရမည့်ရက်/နေရာ - ၂၉-၇-၂၀၂၀ ရက်၊ ၁၁း၀၀ နာရီ၊ ရုံးအမှတ် (၅၂)

၂။ လျှောက်လွှာတင်သွင်းရာတွင် ဘဏ်များအနေဖြင့် မိမိဘဏ်လုပ်ငန်းနှင့် ပက်သက်၍လိုအပ်သောအထောက်အထားများ၊ e-payment ဆိုင်ရာ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဌာန၏ Online စနစ်ဖြင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အခြေအနေများအား ရှင်းလင်းတင်ပြရန်အတွက် Hard Copy, Soft Copy ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း - ၀၆၇-၃၄၃၀၄၄၈၊ ၃၄၃၀၁၃၇၊ ၄၀၄၄၁၆ တို့သို့ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us