ပုဂံဘူတာအနီးရှိ မြန်မာ့မီးရထားပိုင် မြေနေရာတွင် လူနေဆိုင်ခန်းများ၊ ဟိုတယ်၊ Shopping Center များနှင့် နိုင်ငံတော်မှ တရား၀င်ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအားဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: July 6, 2020 - August 6, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဘူတာအနီးရှိ မြန်မာ့မီးရထားပိုင် မြေနေရာအကျယ်အ၀န်း (၄၂၆၂၉၇ စတုရန်းပေ) (၉.၄၈) ဧက၌ လူနေဆိုင်ခန်းများ၊ ဟိုတယ်၊ Shopping Center များအပြင် (နိုင်ငံတော်မှ တရား၀င်ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများ) ကို BOT စနစ်ဖြင့် နှစ်ရှည်ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ တင်ဒါစနစ်ဖြင့် ရွေးချယ်ပါမည်။

၂။ အဆိုပါတင်ဒါအတွက် စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ အပြည့်အစုံဖော်ပြထားသည့် လျှောက်လွှာပုံစံများအား (၁) စုံလျှင် ကျပ် (၁၀၀၀၀) နှုန်းဖြင့် (၆-၇-၂၀၂၀) ရက်နေ့မှ (၆-၈-၂၀၂၀) ရက်နေ့အထိ မန္တလေးဘူတာကြီး၊ တတိယထပ်ရှိ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ရုံးနှင့် ပုဂံဘူတာရှိ မန်နေဂျာ (စီးပွားရေး/တိုင်း)၊ တိုင်းအမှတ် (၁၁) ရုံးများ၌ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

၃။ တင်ဒါပုံစံတွင် ဖော်ပြရမည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ အဆိုပါတင်ဒါကို အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ရုံးနှင့် ပုဂံဘူတာရှိ မန်နေဂျာ (စီးပွားရေး/တိုင်း)၊ တိုင်းအမှတ် (၁၁) ရုံးများသို့ (၆-၉-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီ နောက်ဆုံးထား၍ တင်ဒါယှဥ်ပြိုင်ကြေးအာမခံ စပေါ်ငွေပေးသွင်းပြီးကြောင်း အထောက်အထားနှင့်အတူ ပေးပို့တင်သွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက် နောက်ကျပေးပို့သည့် တင်သွင်းလွှာများ၊ တင်ဒါအာမခံစပေါ်ငွေ မပေးသွင်းသူများကို လက်ခံစဥ်းစားမည်မဟုတ်ပါ။

၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ (ဖုန်း- ၀၉- ၈၉၁၇၅၀၀၁၂)၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်ရုံး) (ဖုန်း-၀၂-၄၀၃၅၈၂၉)၊ မန်နေဂျာ (စီးပွားရေး/တိုင်း)၊ တိုင်းအမှတ် (၁၁) ရုံး (ဖုန်း-၀၉-၅၁၈၃၇၉၅) တိုထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ

 

၁ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us