ဂွေထော်-အင်ဂျန်းယန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: July 3, 2020 - July 31, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ကချင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေဖြင့် ဂွေထော်-အင်ဂျန်းယန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ရှိပါသဖြင့် ‌ဆောင်ရွက်လိုသော လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ၃-၇-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း‌ ရောင်းချမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက အတွင်းရေးမှူး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ (ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဖုန်း - ၀၇၄-၂၅၂၃၃၂၊ ၂၅၂၂၃၆၉) တွင် စုံစမ်း၀ယ်ယူနိုင်ပြီး အောက်ပါအတိုင်း တင်ဒါတင်သွင်းရမည်ဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန်  -           ၃၁-၇-၂၀၂၀ ရက်၊ ညနေ ၄:၀၀ နာရီ

(ခ) တင်ဒါတင်သွင်းရမည့်နေရာ                           -           ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့

 

တင်ဒါကော်မတီ

 

၂ ဇွန် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us