Regional Infrastructure Improvement Project (MY-P30) (Environmental Management Plan အဆိုပြုတင်ဒါဖိတ်ခေါ်ခြင်း)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စစ်တမ်းကောက်ယူခြင်းနှင့် အကြံပေးလုပ်ငန်းများ |
တင်ဒါကာလ: July 3, 2020 - July 17, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ JICA (ODA) Loan(Agreement MY-P30) (ပ) ကြိမ်ဖြင့် ဆောင်ရွက်မည့် ဒေသတွင်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (RIIP) ပါ ကရင်ပြည်နယ်ခရိုင် (၂) ခရိုင်၊ မြို့နယ်(၇) မြို့နယ်၊ မွန်ပြည်နယ်ခရိုင် (၂) ခရိုင်-မြို့နယ် (၉) မြို့နယ်၊ ရခိုင်ပြည်နယ် ခရိုင် (၃) ခရိုင်-မြို့နယ် (၅) မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးခရိုင် (၂) ခရိုင်-မြို့နယ် (၃) မြို့နယ်ရှိ ကျေးလက်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၏ Environmental Management Plan ရေးဆွဲရန်ဆောင်ရွက်ရန်အတွက် ပြည်တွင်းအကြံပေးအဖွဲ့ (National Consultant) ငှားရမ်းခြင်းအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ စိတ်ပါ၀င်စားပြီး လုပ်ငန်းကျွမ်းကျင်သည့် မည်သူမဆို နည်းပညာနှင့် ဘဏ္ဍာ‌ရေးအဆိုပြုလွှာ (Technical and Financial Proposals) များကို ပြင်ဆင်ပြုစု၍ ချိပ်ပိတ်စာအိတ်သီးခြားစီဖြင့် အောက်ဖော်ပြပါသို့ (၁၇-၇-၂၀၂၀)ရက်၊ မွန်းတည့် ၁၂:၀၀နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သည်။

၃။ အသေးစိတ်သိရှိလိုသည်များကို အီးမေးလ်လိပ်စာ drrd.myp30@gmail.comသို (၇-၇-၂၀၂၀)ရက် နောက်ဆုံးထား၍ စာြဖင့်ရေးသားမေးမြန်းနိုင်ပါသည်။

၄။ လျှောက်ထားလိုသူများသည် တင်ဒါစာရွက်စာတမ်းများအား ကြော်ငြာသည့်နေ့မှစတင်ကာ ရုံးအမှတ် (၁၁)၊ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ ဖုန်း - ၀၉-၆၆၁၃၀၃၃၀၃၂ သို့ ဆက်သွယ်၍ ရုံးချိန်အတွင်း ၀ယ်ယူရရှိနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

ဆောက်လုပ်ရေး၀န်ကြီးဌာန

 

၃ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us