FDA မှ E-Banking စနစ်နှင့် အခြား၀န်ဆောင်မှုစနစ်များ တည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: July 3, 2020 - July 21, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက်၊ ဆေးပစ္စည်း၊ အလှကုန်လူသုံးကုန်နှင့် အခြားကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်ပြီးပစ္စည်းများ၏ သိုလှောင်ရုံလုပ်ငန်းများ၊ နိုင်ငံခြားမှတင်သွင်းလာမည့် ကုန်ပစ္စည်းများနှင့် ပတ်သတ်ပြီး စိစစ်ခြင်း/မှတ်တမ်းတင်ခြင်း/ ထောက်ခံချက်ပေးခြင်း/ လိုအပ်ချက်ရှိပါက အကြံပြုခြင်း၊ ငြင်းပယ်ခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လွယ်ကူစေမည့် ၀န်ဆောင်မှုစနစ်များနှင့် E-Banking စနစ်များ ဖြစ်ပေါ်လာစေရန်အတွက် စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက် -       ၃-၇-၂၀၂၀ ရက် (သောကြာနေ့)

၃။ တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်    -       ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့)

၄။ တင်ဒါပုံစံရောင်းချမည့်နေရာ             -       စီမံရေးဌာနခွဲ၊ အစားအသောက်နှင့် ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်

၅။ တင်ဒါတင်သွင်းရမည့်နေရာ              -       တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်

၆။ တင်ဒါဖွင့်ဖောက်စစ်ဆေးမည့် နေ့ရက်နှင့်အချိန် -       ကြိုတင်ကြေညာပါမည်။

၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာအတိုင်း အစားအသောက်နှင့် ဆေး၀ါးကွပ်ကဲရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၆၇၃-၄၀၃၆၀၉၊ ၀၆၇၃-၄၀၃၅၈၆ ဖြစ်စေ၊ fdanpt1@gmail.com သို့ ဖြစ်စေ၊ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

အစားအသောက်နှင့် ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန

ပြည်ကြီးဇေယျာလမ်း၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us