စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်း၊ တံတားလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သော လုပ်ငန်းခွင်သုံးပစ္စည်းများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 8, 2020 - July 28, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၉)၊ ခန္တီး (ဆင်သေ) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းခြင်း (မိုးဒဏ်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လမ်း၊ တံတားလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သော လုပ်ငန်းခွင်သုံးပစ္စည်းများအား သတ်မှတ်လုပ်ငန်းခွင်အရောက် မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။ စိတ်ပါ၀င်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အိတ်‌ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါစည်းကမ်းချက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၉)၊ ခန္တီး (ဆင်သေ)၊ ဖုန်း - ၀၉-၄၅၉၉၂၁၄၈၅၊ ၀၉-၄၄၄၀၂၃၃၀၄၊ ၀၉-၂၆၀၅၇၈၄၆၀ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း  မေးမြန်းနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၉)၊ ခန္တီး (ဆင်သေ)တွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -       ၈-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)

(ခ) တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက်     -       ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ၊ ညနေ ၃ နာရီ

(ဂ) တင်ဒါလျှောက်လွှာဖွင့်မည့်ရက်/အချိန်         -       ၂၉-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၉ နာရီ၊ လမ်းအထူးအဖွဲ့ (၁၉)၊ ခန္တီး (ဆင်သေ)

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us