ပုလဲထုတ်လုပ်ရေးလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကျောက်မျက်ရတနာ လုပ်ငန်း၊ ပုလဲမွေးမြူရေး လုပ်ငန်း |
တင်ဒါကာလ: July 10, 2020 - August 5, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း၀ယ်ရေးလုပ်ငန်းသည် မြန်မာ့ပုလဲလုပ်ငန်းဥပဒေနှင့်အညီ ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ‌ကော့ရဲကြီးကျွန်းရေပြင်ဧရိယာ ၅၂၂၀ ဧက၊ မြေပြင်ဧရိယာ ၃၇ ဧက၊ စုစုပေါင်း ၅၂၅၇ ဧကတွင် မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ မုတ်ကောင်ပြုစုစောင့်ရှောက်ခြင်း၊ ပုလဲမွေးမြူခြင်း၊ ပုလဲဖော်ယူခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကော့ရဲကြီးကျွန်းဧရိယာတွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း၀ယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ အကျိုးတူမုတ်ကောင်သားဖောက်မွေးမြူခြင်း၊ မုတ်ကောင်ပြုစုစောင့်ရှောက်ခြင်း၊ ပုလဲမွေးမြူခြင်း၊ ပုလဲဖော်ယူခြင်းလုပ်ငန်းများ ဖက်စပ်ဆောင်ရွက်ရန် စိတ်ပါ၀င်စားသူများ၊ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၃။ တင်ဒါပုံစံများအား မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း၀ယ်ရေးလုပ်ငန်း၊ ရုံးချုပ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်တွင် ၁၀-၇-၂၀၂၀ ရက်နေ့မှစတင်၍ ရောင်းချပေးမည်ဖြစ်ပါသည်။ တင်ဒါပိတ်သိမ်းမည့်ရက်မှာ ၅-၈-၂၀၂၀ ရက် ၊ မွန်းတည့် ၁၂ ၀၀ နာရီဖြစ်ပြီး တင်ဒါဖွင့်ဖောက်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။

၄။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း၀ယ်ရေးလုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် ဖုန်း - ၀၆၇-၄၁၄၁၈၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း၀ယ်ရေးလုပ်ငန်း

 

၆ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us