ကတ်သုတ်ကြေးနီဝယ်ယူရန်သတ္တုတွင်းဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတ္တုတွင်းလုပ်ငန်း |
တင်ဒါကာလ: July 8, 2020 - August 7, 2020
တည်နေရာ: နေပြည်တော်
Description
- :

အိတ်ဖွင့်တင်ဒါအမှတ်(၁/၂၀၂၀) ခေါ်ယူခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ကတ်သုတ်ကြေးနီ (၅၀၀၀) မက်ထရစ်တန်၊ (15) Lot အား အမေရိကန်ဒေါ်လာဖြင့် အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါသည်-

(က) ကတ်သုတ်ကြေးနီ (၁၀၀) မက်ထရစ်တန်စီဖြင့် (5) Lot   မုံရွာ| Mine Site

(ခ) ကတ်သုတ်ကြေးနီ (၂၀၀) မက်ထရစ်တန်စီဖြင့်  (5) Lot  မုံရွာ| Mine Site

(ဂ) ကတ်သုတ်ကြေးနီ (၅၀၀) မက်ထရစ်တန်စီဖြင့်  (3) Lot မုံရွာ| Mine Site

(ဃ) ကတ်သုတ်ကြေးနီ (၁၀၀၀) မက်ထရစ်တန်စီဖြင့်  (2) Lot မုံရွာ| Mine Site

၂။ ကတ်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးကို တင်ဒါဖွင့်သည့်ရက်တွင်ရှိမည့် ကမ္ဘာ့သတ္တုပေါက်ဈေနှုန်း ( London Metal Exchange) ပါ ကတ်သုတ်ကြေးနီတစ်တန်ဈေနှုန်း( Unknow Price ) ပေါ်တွင်အခြေခံ၍ Premium  ကြေးအများဆုံးပေးပြီးသယ်ယူခ၊ တင်ချခ၊ စရိတ်များအတွက် ကုန်ကျစရိတ်အားအနည်းဆုံးပေးသွင်းနိုင်သည့်( LEM+Premium အပေါ် သယ်ယူစရိတ် ခုနှိမ်) ကုမ္ပဏီကို တင်ဒါအောင်မြင်သူအဖြစ်သတ်မှတ်မည်။

၃။ တင်ဒါပိတ်ရက်မှာ ၇-၈-၂၀၂၀ ရက် မွန်းလွဲ ၂ နာရီဖြစ်ပြီး ညနေ ၃ နာရီတွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။

၄။ တင်ဒါပုံစံများနှင့်အသေးစိတ်သိရှိလိုသောအချက်အလက်များကို ဓာတ်သတ္တုဖွံ့ဖြိုးရေးဌာနခွဲ၊ သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁၉) နေပြည်တော် ဖုန်း -၀၆၇-၃၄၀၉၃၇၈ နှင့် ၀၆၇-၃၄၀၉၃၇၂ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းရယူနိုင်ပါသည်။

တင်ဒါကော်မတီ

သတ္တုတွင်းဦးစီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us