ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦး ဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: July 15, 2020 - July 30, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေးဝန်ကြီးဌာန

အဆောက်အဦး ဦးစီးဌာန

အဆောက်အဦး အထူးအဖွဲ့(၁၅)၊ ပုသိမ်မြို့

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦး ဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၁၅)မှ ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောက်ရွက်မည့် ပုသိမ်ဆေးရုံကြီး (၉) ထပ်တိုးချဲ့ဆောင်တွင် ဆောင်ရွက်မည့် မီးခံ  Composite Walling နှင့် ငြမ်းလုပ်ငန်းသုံးပိုက်များအား မြန်မာကျပ်ငွေဖြင့် ပေးသွင်းဆောင်ရွက်လိုသူများ တင်ဒါပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်- ၁၅-၇-၂၀၂၀ ရက်

(ခ) တင်ဒါပိတ်မည့်ရက်                     - ၃၀-၇-၂၀၂၀ ရက်

(ဂ) တင်ဒါဖွင့်မည့်ရက်                      - ၃၁-၇-၂၀၂၀ ရက်

(ဃ) တင်ဒါဖွင့်မည့်နေရာ        - ပုသိမ်ဆေးရုံ(၉)ထပ်အဆောက်အအုံ လုပ်ငန်းခွင်ရုံး၊ မင်းကြီးလမ်း၊ ပုသိမ်မြို့။

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များ၊ အသေးစိတ်အချက်အလက်များကို အဆောက်အဦး အထူးအဖွဲ့(၁၅)ရုံး၊ အဆောက်အဦး ဦးစီးဌာန၊ ပုသိမ်မြို့ ၊ ဖုန်း -၀၉-၄၂၀၁၆၂၆၁၂၊ ၀၉-၇၉၈၀၃၆၈၈၂၊ ၀၉-၄၂၈၃၁၆၄၃၄၊ ၀၉-၉၆၉၈၂၇၀၆၅ တွင်နေ့စဉ် ရုံးချိန်အတွင်း စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us