ရိက္ခာဆန်ဝယ်ယူရန် ရခိုင်ပြည်နယ်အကျဉ်းဦးစီးဌာန မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

July 9, 2020
Views: 363
Tender ID: 8608
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: July 16, 2020 - July 27, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

ပြည်ထဲရေးဝန်ကြီးဌာန

အကျဉ်းဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်များအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်သော ဧည့်မထ (၂၅%) ရိက္ခာဆန်များအား မြန်မာကျပ်ငွေဖြင့် ပြည်တွင်း၌အောက်ပါအတိုင်း ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) စစ်တွေအကျဉ်းထောင်                    ၅၀၂၃ အိတ်

(ခ) ဘူးသီးတောင်အကျဉ်းထောင်             ၅၅၆၀ အိတ်

(ဂ) ကျောက်ဖြူအကျဉ်းထောင်                ၁၅၀၄ အိတ်

(ဃ) သံတွဲအကျဉ်းထောင်                      ၁၈၇၅ အိတ်

စုစုပေါင်း                                    ၁၃၉၆၂ အိတ်

၂။ တင်ဒါပေးသွင်းသူသည် တင်ဒါအာမခံစပေါ်ငွေအဖြစ် မိမိတင်သွင်းမည့်ဈေနှုန်းနှင့်ပေးသွင်းရမည် ရိက္ခာဆန်အိတ် တန်ဖိုးကျသင့်ငွေ၏ ၁% ကို  Payment Order Cheque ( PO Cheque ) အားဘဏ်တွင်ပြုလုပ်၍တင်ဒါလျှောက်လွှာ ပုံစံနှင့်အတူ ရိက္ခာဆန်ဝယ်ယူရေးအဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေမြို့သို့ပေးအပ်ရမည်။

၃။ တင်ဒါပုံစံတစ်စုံလျှင် ၁၀၀၀၀ိ/ နှုန်းဖြင့် ၁၆-၇-၂၀၂၀ ရက်မှ ၂၇-၇-၂၀၂၀ ရက်အထိရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါများကို ၁၀-၈-၂၀၂၀ ရက် ( ၁၆း ၀၀ နာရီ) နောက်ဆုံးထား၍တင်သွင်းရမည်။

၅။ အိတ်ဖွင့်တင်ဒါဖွင့်မည့် အချိန်မှာ ၁၂-၈- ၂၀၂၀ ရက် ၁၀း ၀၀ နာရီဖြစ်ပါသည်။

၆။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း -၀၄၃-၂၁၀၄၀ ၊ ၀၄၃-၂၃၄၁၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရိက္ခာဆန်ဝယ်ယူရေးအဖွဲ့

အကျဉ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us