မန္တလေးတိုင်းဒေသကြီး အကျဥ်းဦးစီးဌာနမှ ရိက္ခာဆန် ၈၃၂၆၅ အိတ် ၀ယ်ယူခြင်း

July 9, 2020
Views: 418
Tender ID: 8613
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: July 9, 2020 - August 12, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ ပြည်ထဲရေး၀န်ကြီးဌာန၊ အကျဥ်းဦးစီးဌာန၊ မန္တ‌လေးတိုင်းဒေသကြီးဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဥ်းထောင်၊ စခန်းများမှ အကျဥ်းသား/သူ၊ အချုပ်သား/သူများနှင့် လုပ်အားရှင်များအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျွေးမွေးရန်လိုအပ်သော ရိက္ခာဆန် ၈၃၂၆၅ အိတ်အား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများပေးသွင်းရန် ခေါ်ယူအပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံတစောင်လျှင် ၁၅၀၀၀/- နှုန်းဖြင့် ရောင်းချသွားပါမည်။ တင်ဒါပေးသွင်းရမည့် အသေးစိတ်အချက်အလက်များအား အကျဥ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့၊ တယ်လီဖုန်းနံပါတ်၊ ၀၂၄၀-၃၉၂၀၄၊ ၀၂၄၀-၃၄၄၄၁ သို ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါပုံစံစတင်ရောင်းချမည့်ရက်             -           ၉-၇-၂၀၂၀ ရက် ၉:၀၀ နာရီ

တင်ဒါပုံစံနောက်ဆုံးရောင်းချမည့်ရက်       -           ၉-၈-၂၀၂၀ ရက် ၁၆:၀၀ နာရီထိ

တင်ဒါပုံစံနောက်ဆုံးတင်သွင်း/တင်ဒါဖွင့်မည့်ရက်    -           ၁၂-၈-၂၀၂၀ ရက် ၉:၀၀ နာရီ

ရိက္ခာဆန်၀ယ်ယူရေးအဖွဲ့

အကျဥ်းဦးစီးဌာန၊ မန္တ‌လေးတိုင်းဒေသကြီးဦးစီးမှူးရုံး

မန္တလေးမြို့

 

၉ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us