ကယားပြည်နယ် အကျဥ်းဦးစီးဌာနမှ ရိက္ခာဆန် ၄၂၄၁ အိတ် ၀ယ်ယူခြင်း

July 9, 2020
Views: 300
Tender ID: 8624
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: July 12, 2020 - August 11, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

၁။ အကျဥ်းဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား/သူ၊ အချုပ်သား/သူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ကျွေးမွေးရန်လိုအပ်သည့် ငစိန် (သို့မဟုတ်) ဧည့်မထ (၂၅%) ၊ ရိက္ခာဆန် ၄၂၄၁ အိတ်အား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါတင်သွင်းသူသည် မိမိတင်သွင်းသည့်စျေးနှုန်းနှင့် ပေးသွင်းရမည့်ရိက္ခာဆန်အိတ်တန်ဖိုးကျသင့်ငွေ၏ (၁%) ကို တင်ဒါအာမခံစပေါ်ငွေအဖြစ် Payment Order Cheque (PO Cheque) ပြုလုပ်ပေးသွင်းရမည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံတစုံလျှင် ၁၀၀၀၀/-နှုန်းဖြင့် ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး တင်ဒါပေးသွင်းရမည့် အသေးစိတ်အချက်အလက်များအား အကျဥ်းဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၊ ဖုန်း - ၀၈၃-၂၂၂၄၀၇၁ နှင့် အကျဥ်းဦးစီးဌာန၊ လွိုင်ကော်အကျဥ်းထောင်၊ ဖုန်း - ၀၈၃-၂၂၂၁၀၀၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံစတင်‌ရောင်းချမည့်ရက် -           ၁၂-၇-၂၀၂၀ ရက်၊ ၉:၀၀ နာရီ

တင်ဒါပုံစံအ‌ရောင်းပိတ်ရက်         -           ၁၁-၈-၂၀၂၀ ရက်၊ ၁၆:၃၀ နာရီ

တင်ဒါဖွင့်ဖောက်မည့်ရက်            -           ၁၂-၈-၂၀၂၀ ရက်၊ ၉:၀၀ နာရီ

ရိက္ခာဆန်၀ယ်ယူရေးအဖွဲ့

အကျဥ်းဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့

 

၉ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us