လပ္ပတ္တာမြို့နယ်လမ်းဦးစီးဌာနမှ လမ်းခင်းပစ္စည်းများ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 21, 2020 - August 6, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

(တင်ဒါအမှတ် - ၄/၂၀၁၉-၂၀၂၀)

၁။ ဧရာ၀တီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်လမ်းဦးစီးဌာန လက်အောက်ရှိ လပ္ပတ္တာမြို့နယ်လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရရှိသော တိုင်းဒေသကြီး၊ ငွေလုံးငွေရင်း (GRF) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၌ အသုံးပြုရန်လိုအပ်သော လမ်းခင်းပစ္စည်းများအား သက်ဆိုင်ရာလုပ်ငန်းခွင်အရောက် (မြန်မာကျပ်ငွေ) ဖြင့် ၀ယ်ယူလိုပါသည်။

၂။ လိုအပ်သည့် လမ်းခင်းပစ္စည်းအမျိုးအစား၊ အရေအတွက်၊ ၀ယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းချက်များကို လပ္ပတ္တာခရိုင်၊ လက်ထောက်ခရိုင်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၏ ကြော်ငြာသင်ပုန်းတွင် (၂၁-၇-၂၀၂၀) ရက်မှစ၍ ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါပိတ်မည့်ရက်/အချိန်           -           ၆-၈-၂၀၂၀ ရက် (ကြာသပတေးနေ့) ညနေ၊ ၄:၃၀ နာရီ

တင်ဒါဖွင့်မည့်နေရာ                    -           လပ္ပတ္တာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ လပ္ပတ္တာမြို့သစ် (၃) မိုင်

တင်ဒါဖွင့်မည့်နေ့ရက်/အချိန်        -           ၇-၈-၂၀၂၀ ရက် (သောကြာနေ့)၊ နံနက် ၁၀ နာရီ

၃။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အထက်ဖော်ပြပါဌာနတွင် ၂၀-၇-၂၀၂၀ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့

လပ္ပတ္တာခရိုင်လမ်းဦးစီးဌာန

ဖုန်း - ၀၄၂-၈၄၀၄၇

 

၉ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us