Square MS Rod Grille  ပြုလုပ်ခြင်းနှင့်ဆေးလိုင်းရေးဆွဲခြင်းလုပ်ငန်းများအတွက်လမ်းဦးစီးဌာန၊ ကယားပြည်နယ်မှ လုပ်ငန်းတင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: July 9, 2020 - July 23, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

ကယားပြည်နယ်အစိုးရအဖွဲ့

လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊

လမ်းဦးစီးဌာန၊ ကယားပြည်နယ်

ရှမ်းပိုင်းတံတားမှ မင်းစုမီးပွိုင့်အတွင်း Square MS Rod Grille  ပြုလုပ်ခြင်းနှင့်ဆေးလိုင်းရေးဆွဲခြင်းလုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ( GRF) ရန်ပုံငွေဖြင့် လွိုင်ကော်ခရိုင်မှ အောက်ပါလုပ်ငန်းများအားလုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်၍မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ  အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က) လွိုင်ကော်မြို့တွင်းလမ်း၊ ရှမ်းပိုင်းရပ်ကွက်၊ လောပိတရှမ်းပိုင်းတံတားမှ မင်းစုမီးပွိုင့်အတွင်း ပျက်စီးနေသော လမ်း အလယ်သံဇကာဟောင်းများ ဖျက်သိမ်း၍ Square MS Rod Grille အလျား(၁၄၁၄ပေ)(431m)  ပြုလုပ်ခြင်းလုပ်ငန်း၊

(ခ) တောင်ငူ(ကျောက်တိုင်)-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း၊ 210km- 210.5km အတွင်း(သံလွင်ဖုန်းဆိုင်-မင်းစုမီးပွိုင့်)လမ်း အလယ်သံဇကာဟောင်းများဖျက်သိမ်း၍ Square MS Rod Grille အလျား(၉၁၁ပေ)(277.75m)  ပြုလုပ်တပ်ဆင်ခြင်းလုပ်ငန်း၊

၂။ လုပ်ငန်းတင်ဒါလျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်း ရောင်းချပေးမည်ဖြစ်ပါသည်-

(က) စတင်ရောင်းချမည့်နေ့ရက်/အချိန်   - ၉-၇-၂၀၂၀ ရက် ၉း ၃၀ နာရီ

(ခ) အရောင်းပိတ်မည့်နေ့ရက်/အချိန်    -  ၂၃-၇-၂၀၂၀ ရက် ၁၆း ၃၀ နာရီ

(ဂ) အိတ်ဖွင့်တင်ဒါနှင့်နည်းပညာအဆိုပြုလွှာ

တင်သွင်းရမည့်နောက်ဆုံးရက်/အချိန် - ၂၇-၇-၂၀၂၀ ရက် ၁၆း ၃၀ နာရီ

(ဃ) ဖွင့်ဖောက်စစ်ဆေးမည့်နေ့ရက်/အချိန် - ၂၈-၇-၂၀၂၀ ရက် ၉း ၃၀ နာရီ

(င) ရောင်းချမည့်နေရာ - ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ကယားပြည်နယ်

၃။ အသေးစိတ်အချက်အလက်များကို ပြည်နယ်ညွှန်ကြားရေးမှူးရုံး (ဖုန်း - ၀၈၃ -၂၂၂၁၄၉၄ ) နှင့်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) လွိုင်ကော်ခရိုင်(ဖုန်း - ၀၉၄၂၇၄၆၁၃၄၂) တို့ထံ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လုပ်ငန်းအိတ်ဖွင့်တင်ဒါစိစစ်ရေးကော်မတီ

ကယားပြည်နယ်၊ လမ်းဦးစီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us