တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အကျဉ်းဦးစီးဌာနမှ ရိက္ခာဆန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

July 10, 2020
Views: 79
Tender ID: 8658
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: July 15, 2020 - August 3, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

ပြည်ထဲရေးဝန်ကြီးဌာန

အကျဉ်းဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး

ရိက္ခာဆန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိအကျဉ်းထောင်/အလုပ်စခန်းများရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူနှင့် လုပ်အားရှင်များအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းကျွေးမွေးရန် လိုအပ်သောရိက္ခာဆန်( ငစိန်/ဧည့်မထ ၂၅%)(၂၁၂၈၂)အိတ်ကို သက်ဆိုင်ရာ အကျဉ်းထောင်/အလုပ်စခန်းများသို့အရောက် မြန်မာကျပ်ငွေဖြင့်ဝယ်ယူမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူလိုပါသည်-

တင်ဒါပုံစံနှင့်စည်းကမ်းချက်များ

(က) စတင်ရောင်းချမည့်ရက်  -  ၁၅-၇-၂၀၂၀ ရက်မှ ၃-၈-၂၀၂၀ ရက်အထိ

(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ - တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အကျဉ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့

(ဂ) နောက်ဆုံးတင်ဒါတင်သွင်းရမည့်ရက် - ၁၂-၈-၂၀၂၀ ရက် နံနက် ၁၀ နာရီ

(ဃ) တင်ဒါဖွင့်မည့်ရက်/အချိန်  - ၁၂-၈-၂၀၂၀ ရက် နံနက် ၁၁ နာရီ

(င) တင်ဒါဖွင့်မည့်နေရာ  - တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အကျဉ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့

၂။ တင်ဒါလျှောက်လွှာပုံစံများကို တစ်စောင်လျှင်ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံး အကျဉ်းဦးစီးဌာန တွင် ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၅၉-၂၀၂၃၅၄၁၊ ၀၅၉-၂၀၂၁၀၁၆တို့သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အကျဉ်းဦးစီးဌာန၊ ထားဝယ်မြို့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us