အကျဉ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးမှရိက္ခာဆန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

July 10, 2020
Views: 110
Tender ID: 8659
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: July 10, 2020 - August 11, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

ပြည်ထဲရေးဝန်ကြီးဌာန

အကျဉ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ရိက္ခာဆန်ဝယ်ယူရေးအဖွဲ့

ရိက္ခာဆန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/ စခန်းများမှ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျွေးမွေးရန် လိုအပ်သောရိက္ခာဆန်(၃၁၆၈) အိတ်အား သက်ဆိုင်ရာ အကျဉ်းထောင်/အချုပ်ထောင်/စခန်းများသို့အရောက် မြန်မာကျပ်ငွေဖြင့်ပြည်တွင်း၌ ဝယ်ယူမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) အိတ်ဖွင့်တင်ဒါရောင်းချမည့်ရက် - ၁၀-၇- ၂၀၂၀ ရက်မှ ၁၁-၈-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

(ခ) ရောင်းချမည့်နေရာ - ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သမိန်ဗရမ်းလမ်း၊ ဥဿာမြို့သစ်၊ ပဲခူးမြို့

(ဂ) တင်ဒါဖွင့်မည့်ရက် - ၁၂-၈-၂၀၂၀ ရက် ( ဗုဒ္ဓဟူးနေ့) နံနက် ၉း ၃၀ နာရီ

(ဃ) တင်ဒါဖွင့်မည့်နေရာ - ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သမိန်ဗရမ်းလမ်း၊ ဥဿာမြို့သစ်၊ ပဲခူးမြို့

၂။ တင်ဒါလျှောက်လွှာပုံစံများကို တစ်စောင်လျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၅၂-၂၂၃၈၉၁၇၊ ၀၅၂-၂၂၃၀၁၄၆ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရိက္ခာဆန်ဝယ်ယူရေးအဖွဲ့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us