အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းအတွက် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: July 7, 2020 - July 21, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်

စည်ပင်သာယာရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့

ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့

အိတ်ဖွင့်တင်ဒါ ( Open Tender) ခေါ်ယူခြင်း

၁၃၈၂ ခုနှစ် ပထမ၀ါဆိုလပြည့်ကျော် ၃ ရက်

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက်

၁။ ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ (GRF) မှ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် တာပွန်လမ်း ( ၂၈လမ်းမှ ၃၄ လမ်းထိ) အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၀ဲ/ယာ နှစ်ဖက်) ၂­× (၂၄၁၅’×၃’ - ၆”×၄’ - ၆” ) လုပ်ငန်းအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါအဆိုပြုလျှောက်လွှာရောင်းချမည့်ရက် - ၇-၇-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ

(ခ) တင်ဒါအဆိုပြုလျှောက်လွှာပိတ်မည့်ရက် - ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၁၆း ၀၀ နာရီ

(ဂ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် - ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၁၆း ၀၀ နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် - ၂၂-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ မြို့နယ်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်း၊ ပေါင်းတည်မြို့

၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် ၇-၇-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း လာရောက်ဝယ်ယူတင်သွင်းနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း - ၀၅၃-၃၈၀၅၁ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပေါင်းတည်မြို့

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us