ရှမ်းပြည်နယ် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် လိုအပ်သည့် ကတ္တရာ၊ ဘိလပ်မြေ၊ ဒီဇယ်ဆီ၊ သံချောင်းလုံးရွယ်စုံ၊ ကျောက်ရွယ်စုံ၊ ကျောက်ရောမြေ၊ သဲနှင့်အခြားလိုအပ်သော ပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 13, 2020 - August 12, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ ရှမ်းပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် လိုအပ်သော ကတရာ၊ ဒီဇယ်ဆီ၊ သံချောင်းလုံးရွယ်စုံ၊ ဘိလပ်မြေ၊ ကျောက်ရွယ်စုံ၊ ကျောက်ရောမြေ၊ သဲနှင့်အခြားလိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူပြီး မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။

(က) တင်ဒါစတင်ရောင်းချမည့်ရက်          -           ၁၃-၇-၂၀၂၀ ရက်၊ (တနင်္လာနေ့)

(ခ) တင်ဒါရောင်းချမ ပိတ်သိမ်းရက်          -           ၁၂-၈-၂၀၂၀ ရက်၊ (ဗုဒဟူးနေ့)၊ ၁၆:၃၀ နာရီ

(ဂ) တင်ဒါနောက်ဆုံး တင်သွင်းရမည့်ရက် -           ၁၃-၈-၂၀၂၀ ရက်၊ (ကာသပတေးနေ့)၊ ၁၆:၃၀ နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်ရက်                     -           ထပ်မံကြေညာပါမည်။

၂။ တင်ဒါလျှောက်လွှာ၀ယ်ယူရန်နှင့် တင်သွင်းရန်နေရာ

(က) ရှမ်းပြည်နယ် (တောင်ပိုင်း) - လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တောင်ကြီးခရိုင် ဖုန်း-၀၈၁-၂၁၂၅၇၃၆

(ခ) ရှမ်းပြည်နယ် (မြောက်ပိုင်း) - တွဲဖက်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ လားရှိုးမြို့၊ ဖုန်း-၀၈၂-၂၂၀၄၁၅၉

၃။ အသေးစိတ်အချက်အလက်များကို အထက်စာပိုဒ်(၂)ပါ ဖုန်းနံပါတ်များသို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

 

၁၁ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us