အဆင့်မြင့်ပညာဦးစီးဌာနမှ Teacher Guide နှင့် Text Book စာအုပ်များ Layout Design ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

July 11, 2020
Views: 101
Tender ID: 8717
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး |
တင်ဒါကာလ: July 17, 2020 - August 17, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်) သည် (၄) နှစ်သင် ပညာရေးအထူးပြုဘွဲ့ အစီအစဥ်ဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြား၊ သင်ယူမှုဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကောလိပ်များမှ Teacher Educators များနှင့် Student Teachers  များအတွက် (၄) နှစ်သင် ပညာရေးကောလိပ်၊ ဒုတိယနှစ်၊ ပထမနှစ်၀က် (Year 2, Semester 1) သင်ရိုးညွှန်းတမ်းအသစ် Teacher Guide နှင့် Text Book စာအုပ်များ Layout Design ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၇-၇-၂၀၂၀ ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၁၇-၈-၂၀၂၀ ရက်၊ ၁၆ ၃၀ နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်လိပ်စာနှင့် အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်လိပ်စာမှာ ပညာရေး၀န်ကြီးဌာန ၊ ရုံးအမှတ် (၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာနဖြစ်ပါသည်။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၀၆၇-၃၄၀၇၇၂၇ နှင့် ၀၆၇-၄၀၇၃၉၅ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

အဆင့်မြင့်ပညာဦးစီးဌာန

၁၁ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us