ကျွန်း-သစ်မာ၊ သစ်လုံးနှင့်ခွဲသားများရောင်းချရန်မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 23, 2020 - July 27, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

မြန်မာ့သစ်လုပ်ငန်း

ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန မှ ကျွန်း-သစ်မာ၊ သစ်လုံးနှင့်ခွဲသားများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာကျင့်သုံးလျက် အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့်တင်ဒါစနစ်( အမေရိကန်ဒေါ်လာ) ဖြင့်ရောင်းချမည်ဖြစ်ပါသည်-

(က) ရောင်းချမည့်ရက်နှင့်အချိန် - ၂၃-၇-၂၀၂၀ ရက် နံနက် (၉) နာရီ ၊ သစ်မာသစ်လုံး(နယ်)သီးသန့်

-၂၄-၇-၂၀၂၀ ရက် နံနက် (၉)နာရီ၊ ရန်ကုန်-နယ် ကျွန်း/သစ်မာ(သစ်လုံး/ခွဲသား)

-၂၇-၇-၂၀၂၀ ရက် မွန်းတည့် (၁၂) နာရီ ရန်ကုန် ကျွန်းသစ်လုံးသီးသန့်

(ခ) ရောင်းချမည့်အမျိုးအစားနှင့် တန်ပမာဏ - ကျွန်းသစ်လုံး (၁၄၉၇ )တန်

- တတိယတန်းနှင့်အထက်ကျွန်းခွဲသား (၁၆၈)တန် (ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန)

- တတိယတန်းနှင့်အထက်ကျွန်းခွဲသား (၃၄၀) တန် (သစ်အခြေခံစက်မှုလုပ်ငန်းဌာန)

-ပျဉ်းကတိုး၊ အင်၊ ကညင်၊ စကားဝါ၊ ယမနေ၊ သင်းဝင်၊ သစ်ယာ၊ အင်ကြင်း၊ ထောက်ကြန့် (၁၂၃၁၅) တန်

-သစ်မာသစ်လုံး(၂၀၁၉-၂၀၂၀ ထုတ်သစ်များပါဝင်သည်။)

(ဂ) ရောင်းချမည့်နေရာ - တော်ဝင်ခန်းမ၊ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၊ ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

၂။ အိတ်ဖွင့်တင်ဒါနှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များကို မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)နှင့် web-site ဖြစ်သော www.mte.com.mm တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၃။ ဆက်သွယ်ရန် - Ph- 01-3528743, 01- 377296 , E-mail: marketing

1 ppy@gmail.com

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us