ရေသန့်စင်စက်ရုံနှင့် ဆက်စပ်ပိုက်လိုင်းများချထားခြင်း လုပ်ငန်းအပေါ် ဒီဇိုင်းနှင့်တည်ဆောက်ရေး   ကြီးကြပ်ခြင်းလုပ်ငန်

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | စစ်တမ်းကောက်ယူခြင်းနှင့် အကြံပေးလုပ်ငန်းများ |
တင်ဒါကာလ: July 13, 2020 - August 10, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မန္တလေးတိုင်းဒေသကြီးအစိုးရ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မန္တလေးမြို့ပြ၀န်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

Expression of Interest လျှောက်လွှာများ ဖိတ်ခေါ်ခြင်း

 စာချုပ်အမှတ်  -        MYWS 52.0

လုပ်ငန်းအမျိုးအစား      -        ရေသန့်စင်စက်ရုံနှင့် ဆက်စပ်ပိုက်လိုင်းများချထားခြင်း လုပ်ငန်းအပေါ် ဒီဇိုင်းနှင့်တည်ဆောက်ရေး   ကြီးကြပ်ခြင်းလုပ်ငန်း  (Design Supervision and Construction Supervision as FIDIC Engineer of the New Water Treatment Plant and Associated Pipe Line Work)

၁။ မန္တလေးမြို့တော်စည်ပင်သာယာ‌ရေးကော်မတီမှ ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မန္တလေးမြို့ပြ၀န်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရေသန့်စင်စက်ရုံနှင့် ဆက်စပ်ပိုက်လိုင်းများချထားခြင်းလုပ်ငန်းအပေါ် ဒီဇိုင်းနှင့်တည်ဆောက်ရေး ကြီးကြပ်ခြင်းလုပ်ငန်း (Design Supervision and Construction Supervision as FIDIC Engineer) အား Expression of Interest ခေါ်ယူမည်ဖြစ်ပါသည်။

၂။ စီမံကိန်းလုပ်ငန်းတည်ရှိရာသည် မန္တလေးမြို့ဖြစ်ပါသည်။

၃။ တင်ဒါခေါ်ယူခြင်းကို ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ၀ယ်ယူရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ယခု Expression of Interest အဆင့် အောင်မြင်သူများကိုသာ ရောင်းချသွားမည်ဖြစ်ပါသည်။

၄။ စိတ်ပါ၀င်စားသူများသည် Expression of Interest.လျှောက်လွှာများကို စီမံကိန်းမန်နေဂျာ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ အောက်ဖော်ပြပါလိပ်စာတွင် (၁၃-၇-၂၀၂၀) ရက်မှ စတင်၍ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။ အဆိုပါလျှောက်လွှာများကို AFD တင်ဒါဖြန့်ချိရေး website: https://tenders-afd.dgmarket.com တွင်လည်း ရယူနိုင်ပါသည်။

၅။ Expression of Interest လျှောက်လွှာများကို အောက်ဖော်ပြပါလိပ်စာသို့ (၁၀-၈-၂၀၂၀) ရက် (၁၅ ၀၀) နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး Electronic Application ဖြင့်လည်း လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချိန်ထက် နောက်ကျသော လျှောက်လွှာများကိုလည်း ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

၆။ လိပ်စာ

စီမံကိန်းမန်နေဂျာ

စီမံကိန်းစီမံခန့်ခွဲရေးရုံး PMO(MUSIP)

၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့

၀၂-၄၀၆၁၆၃၂၊ pmomusip.ex13@gmail.com

၁၃ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us