နမ့်စန်မြို့အား သန့်ရှင်းသော သောက်သုံးရေပေး‌‌‌ဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုလွှာ Expression of Interest (EOI) ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: July 14, 2020 - August 12, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ နမ့်စန်မိ၊ ရပ်ကွက်(၅)ရပ်ကွက်သို့ သန့်ရှင်းသောသောက်သုံးရေအား ခေတ်မီနည်းစနစ်ဖြင့် ရာနှုန်းပြည့် ဖြန့်‌ဝေပေးနိုင်ရေး ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ (၁၀၀%) ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပုံစံများကို စိတ်ဝင်စားမအဆိုပြုလွှာ(EOI) တင်ပြရန် ကြေညာခေါ်ယူအပ်ပါသည်။

၂။ မြို့ရေ‌ပေး‌ဝေရေးလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမအဆိုပြုလွှာ တင်သွင်းမည့်ကုမ္ပဏီသည် အောက်ဖော်ပြပါ အချက်အလက်များအပေါ်အခြေခံ၍ အဆိုပြုမည့် ဒီဇိုင်းပုံစံများ၊ အသေးစိတ်စီမံချက်နှင့်အတူ (Power Point) ဖြင့် ရှင်းလင်းတင်ပြနိုင်ရေး ပြင်ဆင်ထားရှိရမည်ဖြစ်ပါသည်။

(က) နမ့်စန်မိ၏ ရေလိုအပ်ချက်အား ရာနှုန်းပြည့်လွှမ်းမိုးမှု ရှိစေရေးဆောင်ရွက်မည့် အစီအမံ

(ခ) ရေသန့်စင်စနစ်ဆောင်ရွက်မည့် အစီအမံ
(ဂ) Detailed Design Drawing နှင့် Google map မြေပုံများ

(ဃ) သတ်မှတ်အရည်အသွေး ပြည့်မီသော သန့်ရှင်းသည့်သောက်သုံးရေအား စနစ်တကျဖြန့်‌ဝေစနစ်နှင့် ရေမီတာနစ်ဆောင်ရွက်မည့် အစီအမံ

(င) ရေခွန်ကောက်ခံမည့်စနစ်

(စ) ရေရှည်ပြင်ဆင်ထိန်းသိမ်းမည့် အစီအမံ

(ဆ) စည်ပင်သာယာရေးကော်မတီနှင့် အကျိုးအမြတ်ခွဲ‌ဝေမည့် အစီအမံ

၃။ စိစစ်ရွေးချယ်ရေးကော်မတီအား မိမိလုပ်ငန်းပုံစံနှင့်ပတ်သတ်၍ သတ်မှတ်ရက်အတွင်း ရှင်းလင်းတင်ပြရမည်။

၄။ ရွေးချယ်ခံရသည့် အဆိုပြုလွှာများကိုသာ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ရွေးချယ်သွားမည် ဖြစ်ပါသည်။

၅။ အဆိုပြုလွှာများကို (၁၂-၈-၂၀၂၀) ရက်၊ ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ ကြီးကြပ်ရေးကော်မတီ (ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရုံး) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့တင်သွင်းနိုင်ပါသည်။

၆။ စိတ်၀င်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ တောင်ကြီးမြို့တွင် ရုံးချိန်အတွင်း ရယူနိုင်ပါသည်။

 

(ဖုန်း-၀၈၁-၂၁၂၃၉၁၅)

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ တောင်ကြီးမြို့

 

၁၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us