ဖမ်းဆီးရမိသော သစ်လုံး/ခွဲသား/ပရိဘောဂနှင့်အခြားပစ္စည်းများရောင်းချရန် သစ်တောဦးစီးဌာန၏ လေလံကြော်ငြာ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 27, 2020 - August 6, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

ဖမ်းဆီးရမိသော သစ်လုံး/ခွဲသား/ပရိဘောဂပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း(ထင်း၊ မီးသွေး၊ ချိပ်၊ ထင်းရှူးဆီ၊ ပရဆေး၊ နံ့သာဖြူ/နိသစ်တုံး)၊ စက်လှေ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ ပင်ကျပ်နုတ်ရာမှ ထွက်ရှိသောကျွန်းပင်ကျပ်တိုင်များ ရောင်းချရန်လေလံကြော်ငြာ

၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တော်ဦးစီးဌာနရှိ အောက်ဖော်ပြပါ ဖမ်းဆီးရမိစက်လှေ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ သစ်လုံး/ခွဲသား၊ ကျွန်းပင်ကျပ်တိုင်များကို လက်ရှိမျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံတင် ရောင်းချမည်ဖြစ်ပါသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ သစ်တောဦးစီးဌာနမှ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထားသော သစ်စက်သေး၊ စက်ကြီး၊ အချောထည်စက်၊ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ သစ်အခြေခံအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်အတွင်း ဒေသခံပြည်သူများနှင့် နေအိမ်ဆောက်လုပ်ရန် သတ်မှတ် စည်းကမ်းချက်များနှင့်ညီညွတ်ပါက ဈေးပြိုင်လေလံဆွဲဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ သတိပေးညွှန်ကြားချက်များအတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာပါသည်။

(က) လေလံအစီအစဉ် -

       နေ့ရက်   - ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်

       အချိန်   -  မွန်းလွဲ ၁၄း ၀၀ နာရီ

       နေရာ   - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ကျောက်မဲမြို့

(ခ) လေလံတင်ရောင်းချမည့်ပစ္စည်းများ

စဉ်အမျိုးအစားအရေအတွက်တန်
ကျွန်း/ပိတောက်/သစ်ယာ/ပျဉ်းကတိုး/အင်/သတိ/ယမနေ(သစ်လုံး/ဓားရွှေ)၂၂၃လုံး/ - တုံး၂၃.၀၂၃၆
ကျွန်း/ပိတောက်(၃´အောက် သစ်လုံး)၈ လုံးဝ.၉၀၄
ပိတောက်(ပရိဘောဂအပိုင်းအစ/ဆက်တီအပိုင်းအစ/ဂီတာပုံ)၂၆၆၀ ခု၎.၀၂၈၆
ထင်း-၂၇.၀၇၆
မီးသွေး(၄၅ပေါင်/၉၀ပေါင်ဝင်)၂၀၅၂၆၂၀.၃၂၀
ချိပ်၃၆၁ ပိဿာ 
ထင်းရှူးဆီတုံး၁၇၁၆ ပိဿာ 
ပရဆေး၈၉ ပိဿာ 
နံ့သာဖြူ/နိသစ်တုံး၁၂ ပိဿာ 
၁၀မော်တော်/စက်လှေ၎ စင်း 
၁၁မော်တာ/ဒိုင်နမို၁ ခု 
၁၂သစ်စက်/အင်ဂျင်၆ လုံး 
၁၃ရှပ်တန်း/ပူလီ/ထော်လီဘီး/ဒလှိမ့်တုံး၁၆ ခု 
၁၄လွှဝိုင်း၉ ခု 
၁၅ပတ္တားကြိုး/သံကြိုး၅ ချောင်း 
၁၆ဘီးတပ်တွန်းလှည်း၂ စီး 
၁၇ပတ်လွှ၂၅ ခု 
၁၈ပတ်လွှသွေးစက်၁ ခု 
၁၉ပတ်လွှဖြောင့်စက်၁ ခု 
၂၀ပရိဘောဂပြုလုပ်ရာတွင်အသုံးပြုသည့်စက်ကရိယာ၉ မျိုး 

 

၂။ လေလ့ဆွဲဝယ်ယူခွင့်လျှောက်လွှာပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၁၀၀၀၀ (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ကျောက်မဲမြို့တွင် ၂၇-၇-၂၀၂၀ ရက်မှ ၆-၈-၂၀၂၀ ရက်အတွင်း ၀ယ်ယူနိုင်ကြောင်း ကြေညာအပ်ပါသည်။

၃။ အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ဖုန်း ၀၈၂-၄၀၀၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဥက္ကဋ္ဌ     

လေလံတင်ရောင်းချရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us