မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြေတူးစက် (၂) စီး ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ယန္တယား ငှားရမ်းခြင်းနှင့် ရောင်းဝယ်ခြင်း လုပ်ငန်း |
တင်ဒါကာလ: July 22, 2020 - August 14, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

၁။ မကွေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မကွေးမြို့မှ ထိန်းသိမ်းထားရှိသည့် ဆည်/ကန်/တမံနှင့် ရေသောက်စနစ်များ ပြုပြင်ထိန်းသိမ်းရန်နှင့် ကျေးလက်ဒေသစိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၇ တန် နှင့် ၈ တန် ကြား မြေတူးစက် (၂) စီး ၀ယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်    -           ၂၂-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) မှ ၁၄-၈-၂၀၂၀ ရက်(သောကြာနေ့) (ရုံးချိန်အတွင်း)

(ခ) တင်ဒါလျှောက်လွှာပိတ်မည့် နောက်ဆုံးရက်/အချိန်       -           ၁၇-၈-၂၀၂၀ ရက်၊ (တနင်္လာနေ့) ညနေ ၄ နာရီ

(ဂ) တင်ဒါလျှောက်လွှာ ရောင်းချ/တင်သွင်းရမည့်နေရာ       -           ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့

(ဃ) တင်ဒါဖွင့်မည့်ရက်/အချိန်                                         -           ဆက်သွယ်အကြောင်းကြားပါမည်။

(င) တင်ဒါဖွင့်မည့်နေရာ                                                  -           ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁) စုံလျှင် ကျပ် ၁၀၀၀၀/-(ကျပ်တသောင်းတိတိ) ဖြင့် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၆၃-၂၈၆၂၄၊ ၀၆၃-၂၈၆၂၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

၁၇ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us