လက်ပံတန်းမြို့မစျေး အိမ်သာအား BOT စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ရင်းနှီးမြှုပ်နှံသူခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: July 15, 2020 - July 28, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ လက်ပံတန်းမြို့၊ မြို့မစျေးကြီးအတွင်း  အောက်ဖော်ပြပါ လုပ်ငန်း (၂) ခုအား (BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်၍ တည်ဆောက်ရန်စိတ်၀င်စားသူများရှိပါက ဤမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားနိုင်ကြောင်း အများပြည်သူသိရှိစေရန် Developer ခေါ်ကြောငြာအပ်ပါသည်။

(က) လက်ရှိအိမ်သာအား အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်း

(ခ) (၅) ခန်းတွဲ အဆင့်မြင့် (ကျား) အိမ်သာ အဆောက်အအုံ (၁) လုံးတည်ဆောက်ခြင်း

အတိုင်းအတာ          -           အလျား (၃၂’ - ၀”) x အနံ (၁၄’-၀”) x (၁၀’-၀”)

အမျိုးအစား              -           (၅) ခန်းတွဲ RC အဆောက်အအုံ (၁) လုံး

RC တိုင် (၁’-၀” x ၁’-၀”)

RC ယက်မ (၀’-၉” x ၀’-၉” )

RC အခင်း (၆”)

အဆင့်မြင့်အိမ်သာဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ အပြည့်အစုံဖြင့် ဌာနမှရေးဆွဲထားသည့် ပူးတွဲပါ တည်ဆောက်မည့် အဆောက်အအုံဒီဇိုင်းပုံစံနှင့် ခန့်မှန်းခြေတွက်ချက်မှုစာရင်းအတိုင်း ဆောင်ရွက်ပေးရမည်။

(ဂ) အဆိုပြုလွှာရောင်းချမည့်ရက်/အချိန်   -           ၁၅-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် ၁၀ နာရီ

(ဃ) အဆိုပြုလွှာ တင်သွင်းရမည့်နောက်ဆုံးရက်    -           ၂၈-၇-၂၀၂၀ ရက် (အင်္ဂါနေ့)

(င) အဆိုပြုလွှာတင်သွင်းရမည့် နောက်ဆုံးအချိန်    -           ညနေ ၄ နာရီ

(စ) အဆိုပြုလွှာ ဖွင့်လှစ်မည့်ရက်/အချိန်                -           ၃-၇-၂၀၂၀ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀ နာရီ

အမှုဆောင်အရာရှိရုံးခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊

လက်ပံတန်းမြို့

၂။ BOT စနစ်ဖြင့် လက်ရှိအိမ်သာအဆင့်မြှင့်တင် မွမ်းမံပြင်ဆင်ခြင်းနှင့် (၅) ခန်းတွဲ အဆင့်မြင့် (ကျား) အိမ်သာ တည်ဆောက်ရန် Developer ခေါ်ယူခြင်းနှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း          -           ၀၅၃-၃၂၀၀၄၊ ၀၉-၅၃၁၂၂၅၄၊ ၀၉-၄၂၈၁၅၇၆၀၀၊ ၀၉-၃၆၃၂၀၂၀

 

အမှုဆောင်အရာရှိ (ကျော်စွာလင်း၊ ဦးစီးအရာရှိ)

 

၁၇ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us