စာအုပ်များကို ပုံနှိပ်ရန် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

July 19, 2020
Views: 139
Tender ID: 9016
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပုံနှိပ်ထုတ်‌ဝေခြင်း လုပ်ငန်း |
တင်ဒါကာလ: July 17, 2020 - August 10, 2020
တည်နေရာ: နေပြည်တော်
Description
- :

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန

ရုံးအမှတ် (၅၂)၊ နေပြည်တော်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနက ထုတ်ဝေမည့် စာအုပ်များကို ပုံနှိပ်လိုပါသဖြင့် စိတ်ပါဝင်စားသော ပုံနှိပ်တိုက်များကို အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၇-၇-၂၀၂၀ ရက်မှစတင်၍ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာစာအဖွဲ့ရုံး၊ အင်းလျားလမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ကမာရွတ်မြို့နယ်တို့တွင် ၀ယ်ယူပြီး အိတ်ဖွင့်တင်ဒါများကို ၁၀-၈-၂၀၂၀ ရက် ညနေ ၄း၃၀ နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ ပြန်လည်တင်သွင်းရပါမည်။

၃။ အသေးစိတ်သိရှိလိုသော အချက်များကို www.dmnl.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၅၂ သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us