မိုးညှင်း၊ မိုးကောင်းနှင့် လွယ်ဂျယ်မြို့တွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: July 21, 2020 - August 21, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ညမ့် စည်ပင်သာယာရေးနှင့်သက်ဆိုင်သော အောက်ဖော်ပြပါ လုပ်ငန်း (၃) ရပ်အား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအား မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) မိုးညှင်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်ထားသော သာစည်ရပ်ကွက်နှင့် စိမ်းရတနာမွန်ရပ်ကွက်လမ်းမကြီးအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၂၃၅၀’ x ၁၈’ x ၈”)

(ခ) မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်၊ ဒီးဒုတ်ဦးဘချိုလမ်း (လမ်းဦးစီးရုံးထောင့်မှ ရုံးဟောင်းစျေးလမ်းဆုံးထိ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (လမ်းသားတိုးချဲ့ခြင်းအပါအ၀င်) (၁၃၀၀’ x ၁၆’ x ၈”)

(ဂ) လွယ်ဂျယ်မြို့၊ အမှတ် (၇၁) လမ်း၊ ကွန်ကရစ်ခင်းခြင်း (၂၀၀၀’ x ၁၈’ x ၈”)

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အောက်ပါအစီအစဥ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်            -           ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့)

တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်                     -           ၂၁-၈-၂၀၂၀ ရက် (သောကြာနေ့)၊ ၁၆ ၀၀ နာရီ

တင်ဒါတင်သွင်းရမည့်နေရာ                                 -           ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြစ်ကြီးနားမြို့

၃။ အသေးစိတ်အချက်အလက်များနှင့် လုပ်ငန်းစာရင်းများအား ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြစ်ကြီးနားမြို့တွင် သွားရောက်ကြည့်ရှုနိုင်ပြီး ရုံးဖုန်း - ၀၇၄-၂၅၂၆၀၆၂ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၂၀ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us