ချင်းပြည်နယ်အတွင်း ကတ္တရာလမ်းနှင့် Box Culvert များ တည်ဆောက်ခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: July 21, 2020 - July 29, 2020
တည်နေရာ: ချင်းပြည်နယ်
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီဖြစ်သော JICA ODA Loan Phase II (MY-P17)  ဖြင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၂) ဖြစ်သည့် အောက်ဖော်ပြပါလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအတွက် အောက်ပါအတိုင်း တင်ဒါခေါ်ယူမည်ဖြစ်ပါသည်။

စဥ်လမ်းအမည်လုပ်ငန်းပမာဏလုပ်ငန်းအမျိုးအစား
ဂန့်ဂေါ-အိုက္ကာလမ်း (DOH-09A) (ချင်းပြည်နယ်) မိုင် ၁၃/၂ မိုင် ၂၁/၁.၂၄ (sta.0+000-sta.12+600)12.6km၅.၅ မီတာအကျယ် ကတ္တရာလမ်းနှင့် Box Culvert များ တည်ဆောက်ခြင်း
ဂန့်ဂေါ-အိုက္ကာလမ်း (DOH-09B) (ချင်းပြည်နယ်) မိုင် ၂၁/၁.၂၄ မိုင် ၂၉/၀ (sta.12+600-sta 24+860)12.6km၅.၅ မီတာအကျယ် ကတ္တရာလမ်းနှင့် Box Culvert များ တည်ဆောက်ခြင်း

 

၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက်         -           ၂၁-၇-၂၀၂၀ ရက်မှ ၂၉-၇-၂၀၂၀ ရက်အထိ

၃။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်    -           ၃-၉-၂၀၂၀ ရက်၊ မွန်းတည့် ၁၂ နာရီ

၄။ ကနဦးတင်ဒါပုံစံများစိစစ်လက်ခံမည့်ရက်          -           ၃-၉-၂၀၂၀ ရက်၊ မွန်းတည့် ၁:၃၀ နာရီ

၅။ တင်ဒါပုံစံများကို တစောင်လျှင် ကျပ်ငါးသောင်း (၅၀၀၀၀) နှုန်းဖြင့် ဆောက်လုပ်ရေး၀န်ကြီးဌာန၊ လမ်းဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (တည်ဆောက်ရေး) ရုံးတွင် ရုံးချိန်အတွင်း၀ယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အဆိုပါရုံး၏ (email: dohjica.sector@gmail.com) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ရုံးအမှတ် (၁၁)၊ နေပြည်တော်

ဖုန်း - ၀၉-၅၀၈၄၅၇၆၊ ၀၉-၂၅၇၇၈၈၄၄၊ ၀၉-၄၄၅၈၉၂၁၇၅

 

၂၀ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us