မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးမြို့တွင် နှစ်ထပ်သိုလှောင်ရုံဆောက်လုပ်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား စိတ်၀င်စားမှုအဆိုပြုလွှာဖိတ်ခေါ်ခြင်း

July 21, 2020
Views: 242
Tender ID: 9098
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: July 21, 2020 - August 5, 2020
NGO/INGO အမည်: Myanmar Red Cross Society (MRCS)
အဖွဲ့အစည်း: | |   
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) သည် မြန်မာနိုင်ငံတွင် ဖြစ်‌ပေါ်လာနိုင်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရေးပေါ်စီမံချက်တရပ်အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိနိုင်ရန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားဆက်ဆံရေးနှင့်ကုန်သွယ်ရေး၀န်ကြီးဌာန၏ အထောက်အပံ့ရရှိထားပါသည်။

ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က မန္တလေးမြို့တွင် ဘက်စုံသုံးသိုလှောင်ရုံဆောက်လုပ်နိုင်ရန်အတွက် နာမည်ကောင်းနှင့် အတွေ့အကြုံကောင်းများရှိသော မြန်မာနိုင်ငံသားဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် ကြိုတင်အရည်အသွေးသတ်မှတ်ခြင်းဆိုင်ရာ စိတ်၀င်စားမှုအဆိုပြုလွှာမေးခွန်းများ ရယူရန် ဖိတ်ခေါ်အပ်ပါသည်။ စိတ်၀င်စားမှုအဆိုပြုလွှာ မေးခွန်းပုံစံများကို  မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထောက်ပံ့ပို့ဆောင်ရေးဌာန၊ ကြက်ခြေနီအသင်းရုံးချုပ်၊ အမှတ် ၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၄၄၃၂၇၂၀၁၄ သို့ ၅-၈-၂၀၂၀ ရက်နေ့နောက်ဆုံးထား၍ မြန်မာစံတော်ချိန် ညနေ ၄ နာရီ မတိုင်မီ စာဖြင့်ပေးပို့ တောင်းခံနိုင်ပါသည်။

ပြည့်စုံစွာဖြည့်စွက်ထားသော ကြိုတင်အရည်အသွေးသတ်မှတ်ချက် မေးခွန်းလွှာများနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို စာအိတ်ဖြင့်ပိတ်၍ ၂၆-၈-၂၀၂၀ ရက်နေ့၊ ညနေ ၄ နာရီမတိုင်မီ အထက်ဖော်ပြပါလိပ်စာသို့ ပြန်လည်တင်သွင်းရပါမည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

၂၁ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us