ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ဖြန့်ဝေနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းအမျိုးမျိုးနှင့် သင်ထောက်ကူရေးဆွဲခြင်း |
တင်ဒါကာလ: July 23, 2020 - July 29, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အိတ်ဖွင့်တင်ဒါ( Open Tender) ခေါ်ယူခြင်း

၁။ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၊ လေ့ကျင့်ရေးအထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၊ IDP Camp များရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်သင် ကျောင်းသား/ကျောင်းသူများအတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ဖြန့်ဝေနိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်သွင်းရမည့်ကျောင်းသုံးဗလာစာအုပ်အရည်အသွေး

(၁) စာအုပ်အရွယ်အစား   (၆.၂၅× ၈.၂၅) လက်မ

(၂) လိုင်းအရေအတွက်   ၂၂ လိုင်း (အနည်းဆုံး)

(၃) အဖုံးစက္ကူ               180 gsm Duplex board (colour)

(၄) အတွင်းစက္ကူ            60 gsm Indo Woodfree

(၅) စာမျက်နှာ               80 Pages

၂။ ၀ယ်ယူမည့်ဗလာစာအုပ်ဒါဇင်အရေအတွက် -  (၅၈၅၉၉၃) ဒါဇင်

ဝယ်ယူမည့်ခဲတံဒါဇင်အရေအတွက်           -  (၂၅၂၅၃၆) ဒါဇင်

ဝယ်ယူမည့်ဘောပင်အရေအတွက်            -  (၉၇၆၆၆) ဒါဇင်

တင်ဒါပုံစံရောင်းချမည့်ရက်   - ၂၃.၇.၂၀၂၀ ရက် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ

တင်ဒါပိတ်သိမ်းမည့်ရက်    - ၂၉.၇.၂၀၂၀ ရက် ညနေ ၄း၃၀ နာရီ

တင်ဒါပုံစံဝယ်ယူရန်နှင့်တင်သွင်းရမည့်နေရာ - အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အမှတ် (၅၉၁)၊ အောက်ကြည့်မြင့်တိုင်လမ်း၊ ကြည့်မြင့်တိုင်မြိ့နယ်၊ ရန်ကုန်မြို့။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဘတ်ဂျက်ဌာန၊ ဖုန်း - ၀၉-၅၁၆၁၀၀၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us