ပုံစံ (၈) ၀င်ပစ္စည်းများဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကြော်ငြာ – ရွှေဘို/ကန့်ဘလူခရိုင်-သစ်တောဦးစီးဌာန

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 23, 2020 - July 30, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ရွှေဘို/ကန့်ဘလူခရိုင်-သစ်တောဦးစီးဌာန

လေလံအမှတ်စဉ် (၂/၂၀၁၉-၂၀၂၀)

ပုံစံ (၈) ၀င်ပစ္စည်းများဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကြော်ငြာ

၁။ ရွှေဘို/ကန့်ဘလူခရိုင်သစ်တောဦးစီးဌာနမှ ပုံစံ(၈)၀င် ကျွန်း/သစ်မာ/အခြား(သစ်/ခွဲသား/၃ အောက်သစ်) စုစုပေါင်း ၇၂၀.၈၄၂၃ တန်အား မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို အောက်ပါအစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။-

(၁) နေ့ရက်  - ၅.၈.၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)

(၂) အချိန်    - နံနက် ၉း၀၀ နာရီ

(၃) နေရာ     - ရွှေဘိုခရိုင်သစ်တောဦးစီးဌာန၊ ရွှေဘိုမြို့

၂။ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/သစ်စက်ကြီး၊ အချောထည်စက်/လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင်များ(လိုင်စင်မိတ္တူပူးတွဲ)၊ ဒေသခံပြည်သူများနေအိမ်ဆောက်လုပ်ရန်၊ အစိုးရဌာန အဆောက်အအုံများ၊ လမ်း၊ တံတားများဆောက်လုပ်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်ပါက ဈေးပြိုင်လေလံဝယ်ယူခွင့် လျှောက်လွှာနှင့် စည်းကမ်းချက် တစ်စုံအား ၁၀၀၀၀ (တစ်သောင်း)နှုန်းဖြင့် ၂၃.၇.၂၀၂၀ ရက် မှ ၃၀.၇.၂၀၂၀ ရက် နောက်ဆုံးထား၍ ရွှေဘိုခရိုင် သစ်တောဦးစီးဌာန၌ ၀ယ်ယူလျှောက်ထားနိုင်ပါသည်။

၃။ လေလံအာမခံကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ငွေပေးအမိန့်လွှာ (Payment Order PO) ဖြင့် လပ်ပုံများအလိုက် ၃၀.၇.၂၀၂၀ ရက် ၁၂း၀၀ နာရီ နောက်ဆုံးထား၍ ပေးသွင်းရမည်။ လေလံတင်ရောင်းချမည့် လပ်ပုံစုစုပေါင်း ၁၂၅  ပုံ ရှိပါသည်။ အသေးစိတ်သိရှိလိုပါက သစ်တောဦးစီးဌာန Website https://www.forestdepartment.gov.mm တွင် ၀င်ရောက်ကြည့်ရှု၍လည်းကောင်း၊ ဖုန်း ၀၇၅-၂၁၀၁၈၊ ၀၇၅-၂၁၃၈၅ တို့တွင်လည်းကောင်း စုံစမ်းနိုင်ပါသည်။

ဈေးပြိုင်လေလံတင်ရောင်းချရေးကော်မတီ

ရွှေဘို/ကန့်ဘလူခရိုင်

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us