မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတွက် Flap Barrier System and Accessories များ ၀ယ်ယူခြင်း

July 25, 2020
Views: 527
Tender ID: 9310
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: July 27, 2020 - August 24, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငွေးရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (FSDP) အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် The Flap Barrier System and Accessories for Central Bank of Myanmar-Nay Pyi Taw Headquarter and Yangon and Mandalay Branches ၀ယ်ယူရေးလုပ်ငန်းအတွက် ၀န်ဆောင်မှုပေးနိုင်သည့် ပြည်တွင်းကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါစည်းကမ်းချက်များပါ၀င်သော အိတ်ဖွင့်တင်ဒါပုံစံကို ၂၇-၇-၂၀၂၀ ရက်မှ ၃၀-၇-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း အင်ဂျင်နီယာဌာနစိတ် (စက်မှု)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ် (၅၅)၊ နေပြည်တော်တွင် ဆက်သွယ်စုံစမ်း၀ယ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၂၄-၈-၂၀၂၀ ရက်၊ ၁၄:၀၀ နာရီ မတိုင်မီ နောက်ဆုံးထား၍ ရုံးအမှတ် (၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တင်သွင်းရန် ဖြစ်ပါသည်။ (သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။)

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ တစ်ရာခိုင်နှုန်းအား တင်ဒါအာမခံကြေးအဖြစ် သုံးလသက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ  ချိပ်ပိတ်၍ တင်သွင်းရမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံး၀လက်ခံမည်မဟုတ်ပါ)

၅။ အသေးစိတ်သိရှိလိုပါက စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန ၊နေပြည်တော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း - ၀၆၇-၃၄၁၈၂၉၃၊ ၀၆၇-၃၄၁၈၁၇၁ တို့သို့လည်းကောင်း၊ အီးမေးလ်လိပ်စာ pcu.fsdp@cbm.gov.mm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

၂၅ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us