မော်လမြိုင်မြို့ရှိ ပြန်ကြားရေးအဆောက်အဦအကြီးစားပြုပြင်မွမ်းမံနိုင်ရေး အသေးစိတ်ဒီဇိုင်းရေးဆွဲရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: July 27, 2020 - August 24, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

တင်ဒါအမှတ် MM-09184-NCB-001 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သတင်းပြန်ကြားရေးကောင်တာအဆောက်အအုံ အကြီးစားမွမ်းမံနိုင်ရေး ဒီဇိုင်းပုံစံပြင်ဆင်ရေးဆွဲရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန အဆိုပြုစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

စီမံကိန်းအမည်               -           အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းတလျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်မှုမြှင့်တင်ရေးစီမံကိန်း (Grant 9184 MYA Economic Empowerment of the poor and women in the East West Economic Corridor Project)

ဆောင်ရွက်ရမည့်လုပ်ငန်း -           တင်ဒါနံပါတ် MM-09184-NCB-001 မော်လမြိုင်မြို့ရှိ သတင်းပြန်ကြားရေးကောင်တာ အဆောက်အအုံအကြီးစားမွမ်းမံပြင်ဆင်နိုင်ရေး ဒီဇိုင်းပုံစံပြင်ဆင်ရေးဆွဲရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်

လုပ်ငန်းတည်နေရာ        -           အမှတ် - ၁၁၈၊ အောက်လမ်းမကြီး (ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးကောင်တာအဆောက်အအုံ) မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

၀ယ်ယူရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဥ်

၁။ စျေးနှုန်းအဆိုပြု စာရွက်စာတမ်းများ ထုတ်ပေးခြင်း         -           ၂၇-၇-၂၀၂၀ ရက်၊ ၉ ၃၀ နာရီ

၂။ စျေးနှုန်းအဆိုပြုလွှာတင်သွင်းနိုင်ရေး အကြိုအစည်းအ‌ေ၀း -       ၅-၈-၂၀၂၀ ရက်၊ ၁၁ ၀၀ နာရီ

(ဖုန်း - ၀၉-၄၂၀၇၀၄၈၀၈ သို့ Skype ဖြင့် ဆက်သွယ်ပေးပါရန်)

၃။ နောက်ဆုံးတင်သွင်းရမည့်ရက်                                     -           ၂၄-၈-၂၀၂၀ ရက်၊ ၁၅ ၄၅ နာရီ

၄။ စျေးနှုန်းအဆိုပြုလွှာများ ဖွင့်လှစ်ခြင်း                            -           ၂၄-၈-၂၀၂၀ ရက်၊ ၁၆ ၀၀ နာရီ၊ စီမံကိန်းစီမံခန့်ခွဲမှုရုံး၊ နေပြည်တော်။

(စျေးနှုန်းတင်သွင်းသူများ၏ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဖွင့်ပါမည်)

စျေးနှုန်းအဆိုပြုလွှာတင်သွင်းရမည့်နေရာ              -           စီမံကိန်းစီမံခန့်ခွဲမှုရုံး (Grant 9184 MYA ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်၊ Email – planadsat@tourism.gov.mm

စျေးနှုန်းအဆိုပြုလွှာစာရွက်စာတမ်းများ                 -           စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော် (သို့) www.empowermentmonstate.org  Website (သို့) planadsat@tourism.gov.mm ထံသို့ အီးမေးလ်ပေးပို့ရယူနိုင်ပါသည်။

အခြားသိရှိသော သတင်းအချက်အလက်များရှိပါက

ဦးတင်ထွန်းအောင်

စီမံကိန်းညွှန်ကြားရေးမှူး၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (PMU)

ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ နေပြည်တော်

တယ်လီဖုန်း - +9567406102

ဖက်စ်    - +9567406098

အီးမေးလ်          - planadsat@tourism.gov.mm

 

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၀ယ်ယူရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အောက်ပါအရည်အချင်းများနှင့်ကိုက်ညီသူများသာ စျေးနှုန်းအဆိုပြုလွှာများ တင်သွင်းရပါမည်-

(က) ဘဏ္ဍာရေးအရည်အသွေး ပြည့်မီခြင်း

အဆိုပြုလွှာတင်သွင်းသူသည် လွန်ခဲ့သော (၅) နှစ်အတွင်း ဆောင်ရွက်ခဲ့သော ဆောက်လုပ်ဆဲ (သို့) ဆောက်လုပ်ပြီးလုပ်ငန်းစာချုပ်များအတွက်ရရှိသော စုစုပေါင်းအသိအမှတ်ပြုငွေပမာဏအဖြစ် တွက်ချက်ပြီး စုစုပေါင်းအနည်းဆုံး ပျမ်းမျှတနှစ်ငွေကြေးလည်ပတ်မှုနှုန်း အမေရိကန်ဒေါ်လာ (၆၉၀၀၀၀) ရှိရပါမည်။ (ရည်ညွှန်း - အခန်း (၄)၊ ပုံစံ- FIN2 ဆောက်လုပ်ရေးလုပ်ငန်းမှ တစ်နှစ်ပျှမ်းမျှငွေကြေးလည်ပတ်နှုန်း)

စျေးနှုန်းအဆိုပြုလွှာတင်သွင်းသူသည် စံနှုန်းသတ်မှတ်ချက်ထက်နည်းသော ဘဏ္ဍာရေးအရင်းအမြစ်သာရှိပါက သေချာစွာရှင်းလင်းတင်ပြရမည့်ဖြစ်သည့်အပြင် စံနှုန်းသတ်မှတ်ထားသော အမေရိကန်ဒေါ်လာ (၁၁၅၀၀၀) အရ လက်ရှိကန်ထရိုက်အတွက် ဘဏ္ဍာရေးဆိုင်ရာ တာ၀န်၀တ္တရားများနှင့် ကတိပြုထားသော ငွေကြေးရှိကြောင်း (သို့မဟုတ်) ပိုမိုကြောင်း သေချာစွာရှင်းလင်းတင်ပြရပါမည်။

(ခ) လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းအတွေ့အကြုံ

စျေးနှုန်းအဆိုပြုလွှာတင်သွင်းသူသည် လွန်ခဲ့သော (၅) နှစ်အတွင်း ယခုဆောင်ရွက်မည့်လုပ်ငန်းနှင့်ဆင်တူသော (က) ဆောက်လုပ်ရေးလုပ်ငန်းအနည်းဆုံးတခုကို အောင်မြင်စွာ (သို့) သိသိသာသာပြီးစီးစွာ ဆောင်ရွက်နိုင်သည့်အတွေ့အကြုံရှိရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၄၀၀၀၀) ထက်ပိုသော တန်ဖိုးကို ရင်းနှီးမှုပြုနိုင်ခြင်း ရှိရပါမည်။  (သို့) (ခ) လွန်ခဲ့သော (၅) နှစ်အတွင်း ယခုဆောင်ရွက်မည့်လုပ်ငန်းနှင့်ဆင်တူသော ဆောက်လုပ်ရေးလုပ်ငန်း အနည်းဆုံးနှစ်ခုကို အောင်မြင်စွာ (သို့) သိသိသာသာပြီးစီးစွာ ဆောင်ရွက်နိုင်သည့်အတွေ့အကြုံရှိရမည်ဖြစ်ပြီး ၎င်းစာချုပ်တခုစီ၏တန်ဖိုး အမေရိကန်ဒေါ်လာ (၈၆၀၀၀) ထပ်ပိုသောတန်ဖိုးကို ရင်းနှီးမှုပြုနိုင်ခြင်းရှိရပါမည်။

၂၆ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Contact Information
Phone: +9567406102
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us