ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများ/ လုပ်ငန်းသုံး ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများ |
တင်ဒါကာလ: July 21, 2020 - August 20, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနတွင် အောက်ဖော်ပြပါ ငါးသားပေါက်များ ထောက်ပံ့ရန် ငါးသားပေါက်များ ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

Lot (1) ပဲခူးခရိုင်အတွင်း ငါးသားပေါက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ငါးမြစ်ချင်း ၁.၅ လက်မ အောက်ခံကောင်ရေ (၁၂၉၈၆၅၆၀)

Lot (2) သာယာဝတီခရိုင်အတွင်း ငါးသားပေါက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ငါးမြစ်ချင်း ၁.၅ လက်မ အောက်ခံကောင်ရေ (၁၄၉၀၅၅၆၀)

Lot (3) ပြည်ခရိုင်အတွင်း ငါးသားပေါက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ငါးမြစ်ချင်း ၁.၅ လက်မ အောက်ခံကောင်ရေ (၅၉၂၁၈၈၀)

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်စတင်ရောင်းချမည့်ရက်/အချိန်          -           ၂၁-၇-၂၀၂၀ ရက် (၀၉:၃၀)နာရီ

တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန်                                   -           ၂၀-၈-၂၀၂၀ ရက် (၁၆:၃၀)နာရီ

တင်ဒါပုံစံနှင့် စည်းကမ်းချက်ရောင်းချမည့်လိပ်စာ                            -           ပဲခူးခရိုင်/တောင်ငူခရိုင်/သာယာ၀တီခရိုင်/ပြည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံး

တင်ဒါတင်သွင်းရမည့်နေရာ                                                         -           ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာရုံး၊ ပဲခူးမြို့

၃။ တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ပဲခူးတိုင်းဒသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနရုံး ဖုန်း - (၀၅၂-၂၂၂၃၀၈၅/၀၅၂-၂၂၂၀၁၇၅၅) ၊ ပဲခူးခရိုင်ရုံး - (၀၅၂-၂၂၂၄၁၄၆)၊ တောင်ငူခရိုင်ရုံး - (၀၅၄-၂၄၀၀၅)၊ သာယာ၀တီခရိုင်ရုံး -(၀၅၅၃၀၂၄၈)၊ ပြည်ခရိုင်ရုံး - (၀၅၃-၂၈၁၇၇) တိုကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

တင်ဒါစိစစ်ရေးကော်မတီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

၂၈ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us