ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: July 28, 2020 - August 5, 2020
တည်နေရာ: ကရင်ပြည်နယ်
Description
- :

၁။ ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းဆင့်သင် ကျောင်းသား/သူများ အားလုံးအတွက် ဗလာစာအုပ်များနှင့် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ဆင့်သင် ကျောင်းသား/သူများအားလုံးအတွက် (ခဲတံ၊ ဘောပင်) များ အခမဲ့ထောက်ပံ့ပေးရန်လိုအပ်သော ဗလာစာအုပ်များနှင့် (ခဲတံ၊ ဘောပင်) များအား တင်ဒါ (အိတ်ဖွင့်) စနစ်ဖြင့် ၀ယ်လိုပါသောကြောင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ ကရင်ပြည်နယ်အတွင်း ဗလာစာအုပ်ဖြန့်‌ဝေမည့် ဒါဇင်အရေအတွက်မှာ (၁၄၄၅၈၁) ဒါဇင် ဖြစ်ပါသည်။

၃။ ကရင်ပြည်နယ်အတွင်း ဖြန့်‌ဝေမည့် ခဲတံဒါဇင်အရေအတွက်မှာ (၈၃၉၄၇) ဒါဇင် ဖြစ်ပါသည်။

၄။ ကရင်ပြည်နယ်အတွင်း ဖြန့်‌ဝေမည့် ဘောပင်ဒါဇင်အရေအတွက်မှာ (၂၄၀၉၇) ဒါဇင် ဖြစ်ပါသည်။

၅။ တင်ဒါများကို အောက်ပါအတိုင်း ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၅၈-၂၃၃၇၃၊ ၀၉-၄၂၅၀၃၈၁၉၆၊ ၀၉-၇၇၆၃၇၉၃၃၇၊ ၀၉-၇၉၉၂၅၆၈၁၈ တို့သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

(က) တင်ဒါစတင်ရောင်းချမည့်ရက်          -           ၂၈-၇-၇-၂၀၂၀ ရက်

(ခ) တင်ဒါပိတ်မည့်ရက်                          -           ၅-၈-၂၀၂၀ ရက်၊ ၁၆:၀၀ နာရီ

(ဂ) တင်ဒါ‌ရောင်းချမည့်နေရာ                  -           ပြည်နယ်ပညာရေးမှူးရုံး၊ ဘားအံမြို့

 

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့

၂၈ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us