ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: July 29, 2020 - August 21, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

၁။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခမဲ့ဖြန့်‌ဝေမည့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာမူလတန်းဆင့်သင် ကျောင်းသား/သူများအတွက် (KG မပါ ) တဦးလျှင် ခဲတံ (၄) ချောင်းနှုန်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား/သူများအတွက် တစ်ဦးလျှင် ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂) ချောင်းနှုန်းဖြင့်လည်းကောင်း၊ အခမဲ့ထောက်ပံ့ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  လိုအပ်သော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များအား တင်ဒါ (အိတ်ဖွင့်) စနစ်ဖြင့် ၀ယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ ဗလာစာအုပ်အရည်အသွေး

(က) စာအုပ်အရွယ်အစား         -           ၆.၂၅ x ၈.၂၅ လက်မ

(ခ) လိုင်းအရေအတွက်                -           ၂၂ လိုင်း

(ဂ) အဖုံးစက္ကူ                            -           ၁၈၀ gsm Duplex board colour)

(ဃ) အတွင်းစက္ကူ                      -           ၆၀ gsm indo 1k woodfree

(င) စာမျက်နှာ                           -           ၈၀ pages

(စ) စာအုပ်အရှေ့အပြင်ဘက်တွင် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည် စာသားထည့်ရန်

-စာအုပ်အရှေ့အဖုံးဘက်တွင် သဘာ၀ဘေးအန္တရာယ် အသိပေးလမ်းညွှန် (၆) မျိုး

- စာအုပ်၏ နောက်ကျောဖုံး၊ အပြင်ဘက်တွင် မြန်မာ့ရိုးရာ လူမှုရေးကျင့်၀တ် (သားသမီး၀တ်၊ တပည့်၀တ်၊ မိဘ၀တ်၊ ဆရာ၀တ်) နှင့် Time Table ဇယားကွက်

- စာအုပ်နောက်ကျောဖုံးအတွင်းဘက်တွင် အမြှောက်အလီပေါင်း ၁ မှ ၁၂ အထိ

၂။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်        -           ၂၉-၇-၂၀၂၀

တင်ဒါလျှောက်လွှာရောင်းချမည့်အချိန်                  -           ရုံးချိန်အတွင်း

တင်ဒါပိတ်မည့်ရက်/အချိန်                                   -           ၂၁-၈-၂၀၂၀ ရက် ၊ ညနေ (၄) နာရီ

တင်ဒါရောင်းချ/တင်သွင်းမည့်နေရာ                      -           ပြည်နယ်ပညာရေးမှူးရုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

၃။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါဌာနများတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး၀န်ကြီးဌာန       -           ဖုန်း - ၀၄၃-၂၀၂၂၆၄၉

ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ စစ်တွေမြို့               -           ဖုန်း - ၀၄၃-၂၀၂၁၀၄၆

 

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

၂၉ ဇူလိုင် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us