ကျောက်တန်းမြို့၊ မြို့မစျေးနှစ်ထပ်စျေးရုံအဆောက်အဦဟောင်း ဖျက်သိမ်းရောင်းချခြင်း လေလံကြော်ငြာ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: July 29, 2020 - August 27, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှစ်ထပ်စျေးရုံ ကမ်းနားလမ်းဘက်ခြမ်း (၃၀၈'x၃၆'x၂၃')+ မင်းကျောင်းလမ်းဘက်ခြမ်း (၂၁၉'x ၁၈'-၉"x ၂၃') အတိုင်းအတာရှိ ကွန်ကရစ်ခင်း၊ အုတ်နံရံကာ၊ သွပ်မိုး (၂) ထပ်စျေးရုံ အဆောက်အဦဟောင်း (၁) လုံးအား ဖျက်သိမ်းရန်အတွက် အောက်ဖော်ပြပါအစီအစဥ်အတိုင်း စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါသည်။

(က) ကျင်းပမည့်နေ့ရက်  -           ၂၈-၈-၂၀၂၀ ရက် (သောကြာနေ့)

(ခ) ကျင်းပမည့်အချိန်      -           နံနက် (၁၀:၀၀) နာရီတိတိ

(ဂ) ကျင်းပမည့်နေရာ      -           ကျောက်တန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး

၂။ လေလံလျှောက်လွှာကို (၂၉-၇-၂၀၂၀) ရက်နေ့မှစ၍ (၂၇-၈-၂၀၂၀) ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက်ထုတ်ယူလျှောက်ထားနိုင်ပြီး (၂၈-၈-၂၀၂၀) ရက်နေ့ ဘဏ်ငွေသွင်းချိန် မွန်းလွဲ (၁၅:၀၀) နာရီ ကျော်လွန်ပါက လျှောက်လွှာထုတ်ပေးမည် မဟုတ်ပါ။

၃။ လေလံရောင်းချခြင်းနှင့် စပ်လျဥ်း၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉-၄၂၀၂၁၅၆၉၈၊ ၀၉-၄၅၁၄၀၀၉၀၀၊ ၀၉-၄၀၄၇၅၁၂၅၀ သိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

လေလံရောင်းချရေးအဖွဲ့

ကျောက်တန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့

 

၃၀ ဇူလိုင် ၂၀၂၀ ပြည့်နှစ် ကြေးမုံသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us