ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ Stainless Steel ရေတံခါးအသစ်များ ပြုလုပ်ရန်လိုအပ်သော ပစ္စည်းများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: July 29, 2020 - August 28, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း (၄)၊ မန္တလေးမြို့မှ တည်ဆောက်ရေး (၄)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရွှေဘိုမြို့မှဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၀င်ငွေတိုးတက်ရေးစီမံကိန်း (AIIP)အတွက် (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခေါင်းစဥ်မှ အပ်ငွေဖြင့် ဆောင်ရွက်မည့် သဖန်းဆိပ် ဆည်ရေသောက်စနစ် Shwebo Main Canal (SMC), Hla Daw Branch Canal (HBC) နှင့် Mok So Gyon Branch (MBC) စသည်တိုတွင် Stainless Steel ရေတံခါးအသစ်များ ပြုလုပ်ရန်လိုအပ်သော ပစ္စည်းများအား ဌာနအရောက် မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါ၍ စိတ်ပါ၀င်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

(၁) Shwebo Main Canal (SMC) ရှိ ရေတံခါး (၁၇) စုံ၏ ပစ္စည်း (၃၅) မျိုး

(၂) Mok So Gyon Branch(MBC) ရှိ ရေတံခါး (၁၀) စုံ၏ ပစ္စည်း (၃၅) မျိုး

(၃) Hla Daw Branch Canal(HBC) ရှိ ရေတံခါး (၆) စုံ၏ ပစ္စည်း (၃၅) မျိုး

၂။ တင်ဒါပိတ်ရက်မှာ (၂၈-၈-၂၀၂၀)ရက် (၁၆:၃၀)နာရီဖြစ်ပြီး တင်ဒါပုံစံများကို ညွှန်ကြားရေးမှူးရုံး၊ ငွေစာရင်းဌာနစိတ်၊ စက်မှုတိုင်း(၄)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့တွင် ၀ယ်ယူနိုင်ပါသည်။ တင်ဒါဖွင့်ဖောက်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၂-၅၁၅၄၇၈၇၊ ၀၂-၅၁၅၄၇၈၈ သို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါခေါ်ယူရေးအဖွဲ့

 

၃၀ ဇူလိုင် ၂၀၂၀ ပြည့်နှစ် ကြေးမုံသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us