မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်အောက်ရှိ ရန်ပုံငွေဖြင့်တည်ဆောက်မည့်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း (တောင်ကုတ်မြို့)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: August 2, 2020 - September 1, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

ရခိုင်ပြည်နယ်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် UNDP ၏ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ အစီအစဥ်အောက်မှ ရန်ပုံငွေများကို လက်ခံရရှိပြီး ထိုရန်ပုံငွေတစ်စိတ်တစ်ဒေသကို အောက်ဖော်ပြပါမြို့နယ်ရှိ အောက်ပါစီမံကိန်းအတွက် ခွဲ‌​​ဝေချထားပေးပါသည်။

တောင်ကုတ်မြို့နယ်

စိတ်ပါ၀င်စားသည့်ကုမ္ပဏီများသည် အောက်တွင်ဖော်ပြထားသည့် အချိန်နှင့်နေရာတွင် တင်ဒါစာရွက်စာမ်းများကို အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါစာရွက်စာတမ်းများကို ၀ယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစျေးနှုန်းဖြင့် ၀ယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းသူများအားလုံးသည် တင်ဒါစာရွက်စာတမ်းတွင် အသေးစိတ်ဖော်ပြပါရှိသည့် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များ မိမိတို့ပြည့်ညီကိုက်မှီသည်ကို မှန်ကန်ကြောင်း အတည်ပြုရန် တာ၀န်ရှိပါသည်။

 

ဝယ်ယူသည့်ဌာန            -           ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန။

တာ၀န်ခံအရာရှိ              -           ဒေါ်စန်းစန်းအေး၊ ဦးစီးအရာရှိ (မြို့ပြ)၊ ဖုန်းနံပါတ်-၀၉-၄၉၆၆၈၀၀၁၊ ၀၉-၇၉၇၇၀၂၄၈၁

တည်ဆောက်မှုလုပ်ငန်းဖော်ပြချက်           -

  • (Lot.1) တောင်ကုတ်-မအီလမ်း‌ပေါ်မှ ‌​​ဝေ-သိမ်ကျောင်းပြင်-အောင်ဆိပ်ပြင်ကျေးရွာချင်းဆက်လမ်း၊ အရှည် (၄မိုင် ၇ ဖာလုံ) အား အကျယ် ၂၀ပေ ရရှိရန် ဖို့မြေ၊ ဖြတ်မြေလုပ်ငန်းဆောင်ရွက်ခြင်းနှင့် 4.27m အကျယ် 150mm ထု ဗြုန်းကျောက်စရစ်ဖြင့် အမာခံလမ်းခင်းပေးခြင်း၊ ရေမြောင်းတူးပေးခြင်းနှင့် ၎င်းလမ်းပေါ်ရှိ 9.14m အရှည်၊ 4.27m အကျယ် သစ်သားတံတား (၂) စင်း တည်ဆောက်ခြင်း။
  • (Lot.2) ကျေးပင်-ညောင်ပင်သာ-တပွန် ကျေးရွာချင်းဆက်လမ်း အရှည် (၃မိုင် ၂.၆ ဖာလုံအား) ၂၀ ပေ (6.1 m) အကျယ်ရရှိစေရန် ဖို့မြေ၊ ဖြတ်မြေလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်27m အကျယ် 150mm ထု ဗြုန်းကျောက်စရစ်ဖြင့် အမာခံလမ်းခင်းပေးခြင်း၊ ရေမြောင်းတူးပေးခြင်းနှင့် ၎င်းလမ်းပေါ်ရှိ (1.5m * 1.5 m*7.32 m) Box Culvert (၂) စင်း တည်ဆောက်ခြင်း

တည်ဆောက်မည့်နေရာ                          -     ကျောက်ဝေကျေးရွာအုပ်စု (တောင်ကုတ်-မအီလမ်း‌ပေါ်မှ ‌​​ဝေ-သိမ်ကျောင်းပြင်-အောင်ဆိပ်ပြင်လမ်း) နှင့် ကြိကိုင်းကျေးရွာအုပ်စု (ကျေးပင်-ညောင်ပင်သာ-တပွန် ကျေးရွာချင်းဆက်လမ်း)

အရည်အသွေးစံချိန်စံညွှန်းများ                  -    ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ

၀ယ်ယူမှုနည်းလမ်း                                 -    အကီးစား။

အရည်အချင်းသတ်မှတ်ချက်များ               -   *ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရမည်။

  • * လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ် ရှိရမည်။
  • *အရည်အချင်းမီ အင်ဂျင်နီယာ၀န်ထမ်းများရှိရမည်။
  • *အလားတူကန်ထရိုက်အနည်းဆုံး (၂) ခုကို ဆောင်ရွက်ဖူးရမည်။
  • * ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။
  • * ၂၀၁၉-၂၀၂၀ ၏ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ထားကြောင်း အထောက်အထားတင်ပြရမည်။
  • * တင်ဒါစာရွာစာတမ်းထဲရှိ အခြားလိုအပ်ချက်များ။

 

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်နေရာ        -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကုတ်မြို့။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်အချိန်        -           ၂-၈-၂၀၂၀ မှ ၁-၉-၂၀၂၀ အထိ

ရုံးဖွင့်ရက် နံနက် ၉:၃၀ နာရီ မှ ညနေ ၁၆:၀၀ နာရီအထိ

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ               -           ၁၀၀၀၀ ကျပ်

တင်ဒါတင်သွင်းရမည့်နေရာ                     -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကုတ်မြို့။

တင်ဒါတင်သွင်းရမည့်သတ်မှတ်ထားသော နောက်ဆုံးအချိန် -           ၂-၉-၂၀၂၀ရက်၊ နံနက် ၁၀:၀၀ နာရီ

 

စီမံကိန်းမန်နေဂျာများ

ဒေါ်စန်းစန်းအေး၊ ဦးစီးအရာရှိ (မြို့ပြ)

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

တောင်ကုတ်မြို့

 

၁ သြဂုတ် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us