မြို့နယ်ဖွံ့ဖြိုးမှုရန်ပုံငွေအစီအစဥ်အောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း (ရမ်းဗြဲမြို့)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: August 4, 2020 - August 31, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

ရခိုင်ပြည်နယ်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် UNDP ၏ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ အစီအစဥ်အောက်မှ ရန်ပုံငွေများကို လက်ခံရရှိပြီး ထိုရန်ပုံငွေတစ်စိတ်တစ်ဒေသကို အောက်ဖော်ပြပါမြို့နယ်ရှိ အောက်ပါစီမံကိန်းအတွက် ခွဲ‌​​ဝေချထားပေးပါသည်။

ရမ်းဗြဲမြို့နယ်

စိတ်ပါ၀င်စားသည့်ကုမ္ပဏီများသည် အောက်တွင်ဖော်ပြထားသည့် အချိန်နှင့်နေရာတွင် တင်ဒါစာရွက်စာမ်းများကို အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါစာရွက်စာတမ်းများကို ၀ယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစျေးနှုန်းဖြင့် ၀ယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းသူများအားလုံးသည် တင်ဒါစာရွက်စာတမ်းတွင် အသေးစိတ်ဖော်ပြပါရှိသည့် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များ မိမိတို့ပြည့်ညီကိုက်မှီသည်ကို မှန်ကန်ကြောင်း အတည်ပြုရန် တာ၀န်ရှိပါသည်။

ဝယ်ယူသည့်ဌာန            -           ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်။

တာ၀န်ခံအရာရှိ              -           ဦးကောင်းမြတ်၊ ဦးစီးအရာရှိ (မြို့ပြ)၊ ဖုန်းနံပါတ်-၀၉-၇၉၄၅၂၈၄၇၉၊ ၀၉-၈၉၄၈၄၁၂၁၄

တည်ဆောက်မှုလုပ်ငန်းဖော်ပြချက်           -

  • (Lot.1) ဦးဂ-ကျောက်သံခဲကျေးရွာချင်းဆက်မြေသားလမ်း၊ (၂/၀ x ၁၈’ x ၂’)  လုပ်ငန်းပေါ်တွင် ဗြုံးကျောက်စရစ် (သို့မဟုတ်) တောင်ဗြုန်း (ကျောက်ရောမြေနီ) (၄”) ထုခင်းခြင်းနှင့် ကွန်ကရစ်တံတား (၂) စင်း (၁၅’ x ၁၈’)၊ (၂၀’ x ၁၈’) တည်ဆောက်ခြင်းလုပ်ငန်း (အကြီးစားလုပ်ငန်း)
  • (Lot.2) ကျောက်တွေ-ကျောက်ချောင်းပြင်ကျေးရွာချင်းဆက်မြေသားလမ်း -(၂/၀ x ၁၈’ x ၂’) လုပ်ငန်းပေါ်တွင် ဗြုံးကျောက်စရစ် (သို့မဟုတ်) တောင်ဗြုန်း (ကျောက်ရောမြေနီ) (၄”) ထုခင်းခြင်းနှင့် ကွန်ကရစ်တံတား (၂) စင်း ၂ (၂၀’ x ၁၈’)၊ Box Culvert (၅) စင်း ၅’(၅’ x ၁၈’) တည်ဆောက်ခြင်းလုပ်ငန်း (အကြီးစားလုပ်ငန်း)

တည်ဆောက်မည့်နေရာ                          - (Lot.1) ဦးဂ-ကျောက်သံခဲကျေးရွာချင်းဆက်လမ်း၊ ဦးဂကျေးရွာအုပ်စု

(Lot.2)ကျောက်တွေ-ကျောက်ချောင်းပြင်ကျေးရွာချင်းဆက်လမ်း၊ ကျောက်တွေကျေးရွာအုပ်စု၊ ကျောက်ပြိန်အုပ်စု

အရည်အသွေးစံချိန်စံညွှန်းများ                  -    ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ

၀ယ်ယူမှုနည်းလမ်း                                 -    အကီးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်း

အရည်အချင်းသတ်မှတ်ချက်များ               -   *ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရမည်။

  • * လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ် ရှိရမည်။
  • *အရည်အချင်းမီ အင်ဂျင်နီယာ၀န်ထမ်းများရှိရမည်။
  • *အလားတူကန်ထရိုက်အနည်းဆုံး (၁) ခုကို ဆောင်ရွက်ဖူးရမည်။
  • * ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။
  • * ၂၀၁၉-၂၀၂၀ ၏ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ထားကြောင်း အထောက်အထားတင်ပြရမည်။
  • * တင်ဒါစာရွာစာတမ်းထဲရှိ အခြားလိုအပ်ချက်များ။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်နေရာ        -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ်းဗြဲမြို့။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်အချိန်        -           ၄-၈-၂၀၂၀ မှ ၃၁-၈-၂၀၂၀ အထိ

ရုံးဖွင့်ရက် နံနက် ၉:၃၀ နာရီ မှ ညနေ ၁၆:၃၀ နာရီအထိ

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ               -           အကြီစား ကျပ် ၁၀၀၀၀၊ အလတ်စား ကျပ် ၅၀၀၀

တင်ဒါတင်သွင်းရမည့်နေရာ                     -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ်းဗြဲမြို့။

တင်ဒါတင်သွင်းရမည့်သတ်မှတ်ထားသော နောက်ဆုံးအချိန် -           ၁-၉-၂၀၂၀ရက်၊ နံနက် ၁၀:၀၀ နာရီ

 

စီမံကိန်းမန်နေဂျာများ

ဦးကောင်းမြတ်၊ ဦးစီးအရာရှိ (မြို့ပြ)

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

ရမ်းဗြဲမြို့။

၀၉-၇၉၄၅၂၈၄၇၉

 

၁ သြဂုတ် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us